Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂူဂဲလ်ကုမ္ပဏီက ထိုင်းမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

၂၀၂၄၊အောက်တိုဘာလ၊၁ရက်

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ ဂူဂဲလ် (Google) ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာအမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ဂူဂဲလ်ဟာ ဘန်ကောက်မြို့နဲ့ ချွန်ဘူရီမြို့တွေမှာ တည်ဆောက်မဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံတွေကနေ Cloud လိုအပ်ချက်၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ဆိုင်ရာ တီထွင်ဖန်တီးမှုတွေနဲ့ ဂူဂဲလ်ရဲ့ နာမည်ကျော် ဝန်ဆောင်မှုတွေဖြစ်တဲ့ Search ၊ Maps ၊ Google Workspace စတာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဂူဂဲလ်က ဒီရင်းနှီးမြှုပ်နှံမှုကနေ ၂၀၂၉ ခုနှစ် မတိုင်ခင်အထိ နှစ်စဥ် အလုပ်အကိုင်ပေါင်း ၁၄,၀၀၀ ကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ဓါတ်ပုံ-Rutter

FILE PHOTO: The logo of Google is seen outside Google Bay View facilities during the Made by Google event in Mountain View, California, U.S. August 13, 2024. REUTERS/Manuel Orbegozo/File Photo