Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂိုးမသွင်းနိုင်၊ ပင်နယ်တီပါ လွဲခဲ့တဲ့ဖိနပ်ကို ဖိနပ်အသစ်လဲပြီး ပြောင်းစီးလိုက်မှ ဂိုးရသွားခဲ့တဲ့ ဆာလားဟ်

လီဗာပူးတိုက်စစ်မှူး ဆာလားဟ် ဟာ လီဗာပူးကနေ နယူးကာဆယ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘောလုံးကန်ဖိနပ် နှစ်ရံ ဝတ်ဆင်ပြီး ကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးလည်း မသွင်းနိုင်၊ ပင်နယ်တီကန်ချက်လည်း ဂိုးမဝင်ဖြစ်ခဲ့ရတဲ့ ဘောလုံးကန်ဖိနပ်ကို ပထမပိုင်းအပြီးမှာ ဆာလားဟ်က နောက်ဖိနပ်တစ်ရံနဲ့ လဲလှယ်လိုက်ပြီး အဲ့ဒီဖိနပ်သစ်ကို ဝတ်ဆင်ပြီးမှပဲ ဆာလားဟ်က ဂိုးလည်းသွင်းနိုင်သလို နောက်တစ်ကြိမ် ထပ်ရတဲ့ပင်နယ်တီကို ကန်တော့လည်း ဂိုးဝင်သွားခဲ့ပါတယ်။

ဆာလားဟ် ဟာ လီဗာပူးက နယူးကာဆယ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး လက်ရှိမှာဆိုရင် လီဗာပူးအတွက် ဆာလားဟ် သွင်းယူပေးတဲ့ သွင်းဂိုးအရေအတွက်က ၁၆ ဂိုး ရှိသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဟာ အခုတစ်ပတ်မှာတော့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ အာဆင်ယ်ရဲ့အိမ်ကွင်း အမ်းမရိတ်စ်မှာ သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်မှာတော့ လီဗာပူးအတွက် ဆာလားဟ် ပါဝင်ဖို့ မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ ဆာလားဟ်က မိခင်နိုင်ငံ အီဂျစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး အာဖရိကနိုင်ငံများဖလားပွဲ ပါဝင်ကစားဖို့အတွက် လက်ရွေးစင်အသင်းဆီကို သွားရောက်ပူးပေါင်းနေတာကြောင့်ပဲဖြစ်ပါတယ်။