Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂိုးပြန်သွင်းတတ်သွားပြီဆိုတာကို ဂိုး ၅ ဂိုးနဲ့ သက်သေပြန်ပြလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေမှုတွေကို ဂိုးပြတ်နိုင်ပွဲ ရယူပြပြီး ပြန်လည်ချေဖျက်ပြသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အခု မတိုင်ခင်က ကန်တိုင်းရှုံးဖြစ်နေတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာတော့ လန်ဒန်မြို့ခံအသင်းအချင်းချင်းဖြစ်တဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို ညှာညှာတာတာတောင် မလုပ်တော့ဘဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတောင် နှစ်ဂိုးသွင်းကာ ပညာပေးလိုက်ပါတယ်။

ပြီးခဲ့ဘောလုံးရာသီ ၄ ခုတုန်းက အမ်းမရိတ်စ်ဆီလာပြီး ပညာပြခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်ဟာ အခုတစ်ကြိမ်မှာတော့ အာဆင်နယ်ရဲ့ဆုံးမတော်မူခန်းနဲ့ ရင်ဆိုင်လိုက်ရပြီး ၅ ဂိုးပြတ် ရှုံးသွားခဲ့ရပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်း ၄၅ မိနစ်မှာကတည်းက ၂ ဂိုးပြတ် နိုင်နေခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၃ ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်တယ်။

အခုမတိုင်ခင် ပွဲစဉ် ၂ ပွဲတုန်းက ဂိုးပေါက် ၄၈ ကြိမ် ကန်ပါလျက်နဲ့ ဂိုးမရခဲ့တဲ့ အာဆင်နယ်ဟာ ဒီပွဲမှာတော့ အခွင့်အရေးရရင် ရသလို ဂိုးသွင်းပြခဲ့ပြီး ဂိုးပြန်သွင်းတတ်ပါပြီဆိုတာကို သက်သေထူသွားခဲ့ပါတယ်။

အခုမတိုင်ခင်မှာ ပရီးမီးယားလိဂ်မှာလည်း အလဲအကွဲ၊ အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း ထွက်ရတဲ့အထိ ဖြစ်ထားခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာတော့ ခရစ္စတယ်လ်ပဲလေ့စ်ကို ဂိုးမိုးတွေ သဲသဲမဲမဲ ရွာသွန်းပြီး သူတို့ ပြန်လာခဲ့ပါပြီဆိုတာကို သက်သေထူသွားခဲ့ပါတယ်။