Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂယ်ရီနဗီးလ်က အီရစ်တန်းဟတ်ဂ်ထက် မှတ်တမ်းအရ ပိုကောင်းနေလို့ ဂယ်ရီနဗီးလ်ကို မန်ယူ ပေးကိုင်လိုက်ရင် ကောင်းမယ်လို့ ကာရေဂါ လှောင်ပြောင်

လီဗာပူး၊ ဇန်နဝါရီ ၂၄

ဗလင်စီယာကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဂယ်ရီနဗီးလ်ရဲ့မှတ်တမ်းတွေက လက်ရှိမန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ထက် သာလွန်နေလို့ အဆင်ပြေမယ်ဆိုရင် မန်ယူအသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီနဗီးလ်ကို ရာသီကုန်အထိ အသင်းပေးကိုင်လိုက်ရင် ကောင်းနိုင်တယ်လို့ ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက လှောင်ပြောင်လိုက်ပါတယ်။

ဂယ်ရီနဗီးလ်ဟာ ဗလင်စီယာကို ပွဲစဉ် ၂၈ ပွဲ ဦးဆောင်ခဲ့တာမှာ ရှုံးပွဲဆိုလို့ ၁၁ ပွဲပဲ ရှိခဲ့ပြီး အဲ့ဒီ ၂၈ ပွဲမှာ ဗလင်စီယာက သွင်းဂိုး ၃၉ ဂိုးနဲ့ ပေးဂိုး ၃၈ ဂိုး ရှိခဲ့ပါတယ်။

အီရစ်ခ်တန်းဟတ်ဂ်ကတော့ ၂၀၂၃/၂၄ ဘောလုံးရာသီအတွင်း မန်ယူကို ပွဲစဉ် ၂၆ ပွဲ ဦးဆောင်ပြီးချိန်မှာ ရှုံးပွဲက ၁၃ ပွဲအထိ ရှိသွားစေခဲ့ပြီဖြစ်ပြီး အဲ့ဒီ ၂၆ ပွဲမှာ သွင်းဂိုး ၃၃ ဂိုးသာ ရရှိကာ ပေးဂိုးက ၄၁ ဂိုး ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူက ပြိုင်ပွဲအရပ်ရပ် ၄ ပွဲဆက် နိုင်ပွဲပျောက်ကာ ၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့လို့ အသင်းပရိသတ်တွေက နည်းပြ အီရစ်ခ်တန်းဟတ်ဂ်ဟာ အသင်းအတွက် ပြဿနာကြီးဖြစ်နေပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီပဲဖြစ်ပါတယ်။