Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ခွေးလေး ကံကောင်းက သူ့ကို ဇာတ်ဝင်ခန်းမှာ ထည့်မသုံးရင် စိတ်ကောက်သေးတာ” – ဒါရိုက်တာ ဝင်းလွင်ထက်

“ခွေးလေး ကံကောင်းကို အိမ်မှာရှိတဲ့ သားလေး လပ်ကီးအတိုင်း ပုံစံတူ သင်ပေးခဲ့တာ၊ ဇာတ်ဝင်ခန်းထဲမှာ သူ့ကိုမထည့်ရင် ကံကောင်းက စိတ်ကောက်တာတွေတောင် ရှိခဲ့တယ်” – ဒါရိုက်တာ ဝင်းလွင်ထက်
————————–
“ကျွန်တော့်အိမ်မှာရှိတဲ့ သားလေး လပ်ကီး(Lucky)အတိုင်း ကံကောင်း ကို အကျင့်စရိုက်တွေ၊ Character(ကာရိုက်တာ)တွေကို၊ ပုံစံတွေကို လပ်ကီးဆီကယူပြီး ကံကောင်းဆီကို ထည့်ပေးလိုက်တာ။ တော်တော့်ကို မလွယ်ကူပါဘူး။ လူဖြစ်တဲ့ သရုပ်ဆောင်သစ်တစ်ယောက်နဲ့ ရိုက်မယ်ဆိုရင်တောင် အိုက်တင်(Acting) ကောင်း၊ မကောင်း…ရိုက်လို့ ရနိုင်၊ မရနိုင်..Flow တွေ၊ ဒိုင်ယာလော့ဂ်တွေပြောတာ မှန်၊ မမှန် အဲ့ဒါတွေ အများကြီးရှိသေးတယ်လေ။ အခုက လူလည်း မဟုတ်ဘူး၊ ပြောလို့လည်း သူက နည်းနည်းပါးပါးပဲ သိတာပေါ့နော်။ သိပ်မသိဘူးလေ။ ဒီတော့ ကိုယ်ခိုင်းရတဲ့အပိုင်းမှာတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီး ကြိုးစားပြီး ခိုင်းခဲ့ရတာပေါ့နော်။ သူ့ကို မရိုက်ကူးပေးလို့ သူက စိတ်ကောက်သလို အိပ်နေတာတွေ ရှိတယ်။ အဲ့ဒါ တကယ်ဖြစ်ခဲ့တာ။ သူ့ကို သွားခေါ်လို့လည်း မရဘူး။ အဲ့ဒီဇာတ်ဝင်ခန်းမှာက သူ မပါဘူးလေ။ တခြားလူတွေနဲ့ ရိုက်နေတာ၊ ဒါပေမဲ့ သူက ဘေးနားမှာ ရှိနေတယ်၊ သူ့မျက်နှာက မကျေနပ်ဘူးဆိုတာကို ပြနေတယ်၊ မကြည်ဘူးပေါ့နော်၊ မေးကြီးတင် မှောက်အိပ်ပြီးတော့ ကြည့်နေတာ၊ အဲ့တော့ ကံကောင်းကြီးက သူ့ကို ဇာတ်ဝင်ခန်းထဲ မထည့်လို့ စိတ်ဆိုးနေတာလားလို့ ကျွန်တော်တို့မှာ ထင်ခဲ့ရတာတွေလည်း ရှိတယ်” – ဒါရိုက်တာ ဝင်းလွင်ထက်
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #ဝင်းလွင်ထက် #WinLwinHtet #ဒါရိုက်တာ #Director #ကံကောင်း #KamKaung #Lucky #ကံကောင်း #Character #ဇာတ်ဝင်ခန်း #Acting #Celebrity #Celebrities #Yangon #Myanmar