Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခွေးစာခွက်ထဲကအစာကို နှိုက််စားရတဲ့အထိဖြစ်ခဲ့ပြီးနောက် ကိုရင်ဘဝခံယူလိုက်သူ ညီအစ်ကို ၃ ယောက်

မိဘတွေက နောက်အိမ်ထောင်ပြုပြီး စွန့်ထားခဲ့ချိန်မှာ ခွေးစာခွက်ထဲက အစာကို နှိုက်စားရတဲ့အထိဖြစ်ခဲ့ရပြီးနောက် ကိုရင်ဘဝကို ခံယူလိုက်တဲ့ ညီအစ်ကို ၃ ယောက်
———————-
ဂျစ်ပစီမိုးတိမ် သီချင်းစာသားကို ယူသုံးရရင် ရုပ်ရှင်ကြည့်ရသလို…ဘဝက ဆန်းကြယ်တယ်လို့တောင် ပြောရပါလိမ့်မယ်။ တကယ်က ရုပ်ရှင်ဇာတ်လမ်းတွေထက်တောင် ဘဝရဲ့စုတ်ချက်တွေက ဆန်းကြယ်လွန်းလှပါတယ်။ အခုတင်ဆက်မယ့် ဘဝဇာတ်လမ်းက ကိုရင်လေး ၃ ပါးအကြောင်းဖြစ်ပါတယ်။ သူတို့တွေက ညီအစ်ကိုအရင်းတွေပါ။ အဖေနဲ့အမေက ကိုယ်စီကိုယ်ငှ နောက်အိမ်ထောင်ပြုသွားပြီး သားလေး ၃ ယောက်ကို စွန့်ပစ်ထားခဲ့လို့ ဒီညီအစ်ကို ၃ ယောက်ဟာ တောင်းစားရတဲ့ဘဝကို ရောက်သွားခဲ့ရပါတယ်။ တောင်းရမ်းစားသောက်တဲ့အခါ နေ့လယ်နေ့ခင်းအတွက် အဆင်ပြေပေမယ့် ညစာအဆင်မပြေလို့ ခွေးစားဖို့ကျွေးထားတဲ့ ခွေးစာခွက်ထဲက အစာတွေကိုတောင် ညီအစ်ကို ၃ ယောက်က ယူစားခဲ့ကြရပါတယ်။ အခုတော့ ကိုထွန်းမင်းနဲ့ ဆရာမ ခိုင်သွယ်နှင်းတို့ရဲ့ ဖေးမစောင့်ရှောက်မှုနဲ့အတူ ညီအစ်ကို ၃ ယောက်က သာသနာ့ဘောင်ထဲကို ဝင်ရောက်ပြီး ကိုရင်လေးတွေဘဝကို ခံယူလိုက်ကြပါပြီ။ အစ်ကိုအကြီးဆုံးဖြစ်သူက အခွင့်ရမယ်ဆိုရင် ညီလေးတွေကို အလုပ်,လုပ်ကိုင် ကျွေးမွေးခွင့် တစ်နေ့နေ့မှာ ရချင်ပါတယ်လို့ အသိပေးပါတယ်။ ဥမမယ် စာမမြောက်တဲ့ ကလေးအရွယ်တွေဖြစ်လို့ ညီအစ်ကို ၃ ယောက်ဟာ ဘဝရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရတာပါ။ အခုတော့ ညီအစ်ကို ၃ ယောက်ဟာ သာသနာ့ဘောင်ထဲမှာ ကိုရင်အဖြစ် ခံယူပြီး ဘဝကို ဖြတ်သန်းနေကြပါပြီ။ မိဘတွေက လာခေါ်ခဲ့ရင်တောင် မိဘတွေဆီ ပြန်လိုက်မသွားတော့ဘူးလို့ ညီအစ်ကို ၃ ယောက်က ရင်နင့်စကားဆိုပါတယ်။ မိဘတွေက နောက်အိမ်ထောင်ပြုပြီး စွန့်ပစ်ထားခဲ့ချိန်မှာ ခွေးစာခွက်ထဲက အစာကို နှိုက်စားတဲ့အထိဖြစ်ခဲ့ရပြီးနောက် ကိုရင်ဘဝကို ခံယူလိုက်သူ ညီအစ်ကို ၃ ယောက်ရဲ့ဘဝကို Mercury Variety ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ (ကိုရင်လေးတွေအတွက် လှူဒါန်းချင်တယ်ဆိုရင် ပရဟိတ ကိုထွန်းမင်းနဲ့ ဆရာမ ခိုင်သွယ်နှင်းတို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးအပ်ပါတယ်) #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ညီအစ်ကို၃ယောက် #ဖခင် #နောက်အိမ်ထောင် #မိခင် #ကိုရင်၃ပါး #Family #မိသားစု #ဘဝရပ်တည်မှု #ကိုထွန်းမင်း #မခိုင်သွယ်နှင်း #Yangon #Myanmar