ဆေးထိုးမှားလို့ ခြေနှစ်ဖက် မသန်စွမ်းဖြစ်ခဲ့ရပေမယ့် အိမ်ထောင်ဦးစီးကောင်း ပီသစွာ မိန်းမနဲ့ ရင်သွေး ၅ ယောက်ကို တောင်းရမ်းအလှူခံ ရှာကျွေးနေသူ ကိုရဲခိုင် ———————- သူ့နာမည်က ကိုရဲခိုင် ပါ။ ငယ်ငယ်က ဆေးထိုးမှားပြီး ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းဖြစ်သွားခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရဲခိုင် ဟာ မသန်စွမ်းဘဝကို ရောက်ခဲ့ရပေမယ့် သူ့မိသားစုကို တောင်းရမ်းပြီး ရှာဖွေကျွေးမွေးနေသူပါ။ သူဟာ တောင်းရမ်းအလှူခံပြီး သူ့ဇနီးနဲ့ ကလေးတွေကို ရှာဖွေကျွေးမွေးလို့နေတယ်ဆိုတာကိုလည်း ကိုရဲခိုင်က ရှက်ရွံ့မနေဘဲ မျက်ရည်အဝိုင်းသားနဲ့ ဖွင့်ဟဝန်ခံပါတယ်။ ချော်တွင်းကုန်းက ၇၉ ကားတွေ၊ ၁၁၆ ကားတွေ၊ ၁၁၇ ကားတွေ၊ ၆၄ ကားတွေ လာရောက်တဲ့ ကားမှတ်တိုင်က မီးပွိုင့်မှာ ကိုရဲခိုင်က မိသားစုအတွက် တောင်းရမ်းလို့နေတာဖြစ်ပါတယ်။ အရင်တုန်းက ကုန်စိမ်းရောင်းခဲ့ပေမယ့် ဇနီးဖြစ်သူ ကျန်းမာရေးမကောင်းလို့ ကုန်စိမ်းရောင်းတဲ့အလုပ်ကို ရပ်နားလိုက်ရအပြီးမှာ ကိုရဲခိုင်က မိသားစုအတွက် အခုလို တောင်းရမ်းရှာဖွေဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်နေ့ကို တောင်းရမ်းအလှူခံတာကနေ ၅,၀၀၀၊ ၆,၀၀၀ လောက်ရရှိပြီး စည်ပင်ကဖမ်းဖို့ လိုက်ရင်တော့ ထွက်ပြေးရတယ်လို့ ကိုရဲခိုင်က ပြောပြပါတယ်။ မနက် ၆ နာရီဆိုရင် ကိုရဲခိုင်က အိမ်ကနေ စတင်ထွက်ခွာပြီး ၇ နာရီဆိုရင် မှတ်တိုင်မှာ စပြီး အလှူခံပါတယ်။ မနက် ၁၀ နာရီခွဲလောက်ဆိုရင်တော့ သူ တောင်းရမ်းလို့ ရသလောက်လေးကို ကိုရဲခိုင်က သူ့အိမ်ဆီ ပထမတစ်ခေါက် လာပို့ပါတယ်။ ဘာလို့လဲဆိုတော့ သူ တောင်းရမ်းအလှူခံလို့ ရသလောက်လေးနဲ့ သူ့ကလေးတွေ ကျောင်းသွားနိုင်စေဖို့ပါပဲ။ ကိုရဲခိုင်က တောင်းရမ်းအလှူခံလို့ ရတာလေးကို အိမ်ဆီ လာပို့မှပဲ ကလေးတွေက ကျောင်းသွားတက်နိုင်သလို သူ ပြန်လာပြီး အဲ့ဒီလို တောင်းရမ်းရရှိတာလေးတွေ လာပေးမယ့်အချိန်ကို ကလေးတွေက အမြဲပဲ စောင့်မျှော်လို့နေတယ်လို့ ကိုရဲခိုင်က အသိပေးပါတယ်။ ကိုရဲခိုင်နဲ့ သူ့ရဲ့ဇနီး ဒေါ်အေးအေးစိုးတို့မှာ ရင်သွေး ၅ ယောက်ရှိပြီး တစ်ယောက်ကတော့ အိမ်ထောင်ကျသွားခဲ့ပါပြီ။ ဆေးထိုးမှားလို့ ခြေထောက်နှစ်ဖက် မသန်စွမ်းဖြစ်သွားခဲ့ရပေမယ့် မိသားစုကို မရရင် ရသလို တောင်းရမ်းအလှူခံရှာဖွေကျွေးမွေးဖို့ စိတ်ပိုင်းဖြတ်ထားသူ ကိုရဲခိုင်နဲ့ သူ့မိသားစုရဲ့ဘဝဖြတ်သန်းနေမှုက ရင်နင့်စရာကောင်းလွန်းလှတာမို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ကိုရဲခိုင် #ဒေါ်အေးအေးစိုး #KoYeKhaing #DawAyeAyeSoe #Family #မိသားစု #အလှူခံ #အိမ်ထောင်ဦးစီး #ဘဝရပ်တည် #Yangon #Myanmar