ကိုအေးကို။ ဒီနာမည်ကို Mercury Variety ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဟုတ်ပါတယ်…အရိုးအကြောတွေ ပုပ်ပွလာတာကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဖြတ်တောက်လိုက်ရသူပါ။ ခြေထောက်တစ်ဖက်ကိုဆိုရင် သိပ်မကြာသေးခင်ကမှ အလှူရှင်တွေ ပေါ်လာတဲ့အတွက် ကိုအေးကိုက ဖြတ်လိုက်နိုင်တာဖြစ်ပါတယ်။ ပရဟိတ ကိုထွန်းမင်း၊ အသျှင်ကုမာရနဲ့ တေးသံရှင်သရုပ်ဆောင် အေမီဈာန်တို့ရဲ့အလှူဒါနတွေနဲ့အတူ ကျန်ရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ကိုအေးကိုက ဖြတ်လိုက်နိုင်တာပါ။ ကျန်ရှိတဲ့ ခြေတစ်ဖက်က အရိုးအကြောတွေ ပုပ်ပွလာချိန်မှာ သူ့အနေနဲ့ မခံစားနိုင်တော့လို့ ဘဝကို စွန့်လွှတ်အရှုံးပေးလိုက်ဖို့အထိ စဉ်းစားမိခဲ့တယ်လို့ ကိုအေးကိုက ပြောပြပါတယ်။ အခုတော့ ကိုအေးကိုက ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်ကုသလိုက်ပြီဖြစ်သလို ဘဝသစ်စတင်ဖို့လည်း ပြင်ဆင်နေပါပြီ။ လမ်းဘေးမှာ နေထိုင်ရတဲ့ဘဝကနေ အိမ်လေးတစ်လုံး ပိုင်ဆိုင်လာခဲ့ပြီဖြစ်သလို ခြေနှစ်ဖက်လုံး မရှိတော့ပေမယ့် သူတစ်ပါးကို အားပြုမှီခိုသွားမယ်လို့ တွေးထားတဲ့ ကိုအေးကိုရဲ့စိတ်ဓာတ်က လေးစားစရာပါပဲ။ ဘဝကို အရှုံးမပေးဘဲ ခြေနှစ်ဖက်လုံး မရှိတော့ရင်တောင် ထိုင်ပြီး လုပ်ကိုင်စားသောက်လို့ရတဲ့ စက်ဘီးပြင်တဲ့အလုပ်ကို လုပ်ကိုင်သွားဖို့ ကိုအေးကိုက ဆုံးဖြတ်ချက်ချမှတ်ထားပါတယ်။ ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရပေမယ့် သူတစ်ပါးကို မမှီခို၊ ဘဝကို အရှုံးမပေးဘဲ စက်ဘီးပြင်စားဖို့ စဉ်းစားထားသူ ကိုအေးကိုရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က လေးစားစရာကောင်းလွန်းလှလို့ Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။