Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခြေကွဲနာကို လောက်တွေဝင်တဲ့အထိဖြစ်သွားလို့ ဝေဒနာခံစားခဲ့ရသူ အဖွား ဒေါ်တင်လှ

ခြေကွဲနာက လောက်တွေတက်တဲ့အထိဖြစ်သွားပြီး အလှူရှင်တွေကျေးဇူးကြောင့် ပြန်လည်သက်သာလာတဲ့ အသက် ၉၈ နှစ်အရွယ်အဖွား ဒေါ်တင်လှ
—————————
အဖွားရဲ့နာမည်က ဒေါ်တင်လှ ပါ။ အဖွားက ခြေကွဲနာဝေဒနာခံစားခဲ့ရပြီး ကံဆိုးချင်တော့ အနာထဲကို လောက်တွေဝင်တဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ပါတယ်။ အသက်က ၉၈ နှစ်အရွယ် ရှိလို့နေပါပြီ။ အဖွားဟာ သားသမီး ၁၀ ဦးအထိ ထွန်းကားခဲ့တဲ့မိခင်ဖြစ်တယ်လို့ အဖွားနဲ့နေထိုင်ပေးနေသူ သမီးတစ်ယောက်က ပြောပြပါတယ်။ သားသမီး ၁၀ ယောက် ထွန်းကားခဲ့ပေမယ့် ၇ ယောက်က အမေဖြစ်သူအထက် စောလျင်စွာ ဘဝတစ်ပါးဆီကို ကူးပြောင်းသွားခဲ့ပြီ။ သမီး ၃ ယောက်သာ ကျန်ရှိတော့ပြီး သမီး ၂ ယောက်က တစ်နယ်တစ်ကျေးဆီမှာ ဘဝဖြတ်သန်းနေတယ်လို့ သိရှိရပါတယ်။ အဖွား ဒေါ်တင်လှနဲ့ အတူနေထိုင်တဲ့သမီးဖြစ်သူက အဖွားကို ရှာဖွေပြုစုစောင့်ရှောက်လို့နေပါတယ်။ သူမအနေနဲ့ အဝတ်လျှော်ဖွပ်ပေးတဲ့အလုပ်ကို လုပ်ကိုင်ပြီး မိခင်ကို စောင့်ရှောက်နေတာဖြစ်တယ်လို့ သမီးဖြစ်သူက အသိပေးပါတယ်။ တစ်ချက်လေး သတိလက်လွတ်ဖြစ်သွားချိန်မှာ ခြေကွဲနာထဲကို လောက်တွေဝင်တဲ့အထိ ဖြစ်သွားခဲ့ရတာလို့လည်း သမီးဖြစ်သူက ဆက်လက် ပြောပြပါတယ်။ လက်ရှိအချိန်မှာတော့ အလှူရှင်တွေရဲ့ကျေးဇူးကြောင့် အဖွားဒေါ်တင်လှ ဟာ ပြန်လည်သက်သာလာခဲ့ပါပြီ။ ခြေကွဲနာထဲကို လောက်တွေဝင်လို့ ဝေဒနာဆိုးဆိုးရွားရွားခံစားခဲ့ရပြီး ပြန်လည်သက်သာစပြုလာပြီဖြစ်သူ အသက် ၉၈ နှစ်အရွယ် အဖွား ဒေါ်တင်လှရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။