၂၀၂၄ ဩဂုတ်လ ၂၄ရက်
နာပိုလီအသင်းဟာ အသက် ( ၃၁ ) နှစ်အရွယ် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမဲလူ လူကာကူကို ပြောင်းရွှေ့ကြေး ယူရိုသန်း ( ၃၀ ) + အပိုဆုကြေး ( ၁၅ ) သန်းနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့နာပိုလီအသင်းတို့ကြား လူကာကူအတွက်အစောပိုင်း ဆွေးနွေးမှုတွေမှာ အဆင်မပြေဖြစ်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ နာပိုလီအသင်းဟာ ချဲလ်ဆီးတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကိုပေးချေဖို့သဘောတူလိုက်ပြီဘဲဖြစ်ပါတယ်။
လူကာကူဟာ ၂၀၂၂ခုနှစ်မှာချဲလ်ဆီးအသင်းကိုရောက်လာချိန်တည်းက အငှားထွက်ကစားနေခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့နာပိုလီအသင်းကို အပြီးသတ်ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။