Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ရ

၂၀၂၅၊ဧပြီလ၊၉ရက်

ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်က သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အာဆင်နယ်အတွက် သွင်းဂိုးတွေကို ဒက်ကလန်ရိုက်က ဖရီးကစ်မှ ၂ဂိုးအထိသွင်းယူပေးခဲ့ပြီးမိုရီနိုက တစ်ဂိုးသွင်းယူပေးခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်ကို ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။

ချန်ပီယံလိဂ် တစ်ကြိမ်မှ မရဖူးသေးတဲ့ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က ခြေစွမ်းကြောင့် ချန်ပီယံဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းလာပြီလို့ အားကစားသုံးသပ်သူများကပြောထားကြပါတယ်။

#mercury#mercurynews#အားကစား#arsenal #Realmadrid