—————————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၇)ရက်
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၃၇၁/၂)နှင့် (၃၇၁/၃)ကြားခရီးသည်တင်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၂၇)၊ မနက်(၀၈ ၀၀)အချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ (၁၁)ဦးအနက် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဖော်ပြထားပါတယ်။
ချောက်မြို့နယ်မီးသတ်စခန်းနဲ ဂွေးပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိပြီး
ပရမံလူမှုကူညီရေးအသင်းနှင့် ရွာသစ်ရပ်လူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်(၂)စီးတို့ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။