“ခရာဘောင်းဗိုလ်လုပွဲမှာ မန်ယူက နှစ်ဂိုးပဲနိုင်တာ နည်းတယ်၊ လေးဂိုးလောက် ပြတ်ရမှာ၊ ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲတက်ဦးမှာပဲ၊ ဘယ်အသင်းမှ မကြောက်ဘူး” – ဦးမန်ယူ(မန်ယူအမာခံပရိသတ်)
——————-
“ရင်ထဲကတော့ ပြောမပြနိုင်အောင်ကို အရမ်းပျော်တာ။ နှစ်ဂိုးတောင် နည်းလို့ ညက ခြင်ထောင်ထဲမှာ ဆဲသေးတာ။ နယူးကာဆယ်ဆိုတာ ငယ်နိုင်။ လေးဂိုးလောက် ပြတ်ရမှာ။ မန်ယူနိုင်တော့ ပြုံးနေတာ။ ပျော်တာပေါ့ဗျ။ ကျွန်တော် ကတာ သဘောတွေကျလို့။ ကျွမ်းထိုးရင် ခေါင်းကျိုးမှာကြောက်လို့ မထိုးတော့ဘူးလေ။ ကိုယ့်အသက်အရွယ်နဲ့ဆိုတော့။ အဲ့ဒါ ကပြတာ သဘောတွေကျလို့။ ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲတက်ဦးမှာပဲ။ ဘယ်အသင်းမှ မကြောက်ဘူး။ ဝက်စ်ဟမ်းနဲ့ အက်ဖ်အေဖလားပွဲလည်း နိုင်ဦးမှာပဲ။ မန်ယူကို ဘယ်လောက်ချစ်လဲဆို ရူးနေအောင် ချစ်တာ။ မန်ယူကလွဲရင် ဘယ်အသင်းမှ မကြိုက်ဘူး။ လာမယ့်နှစ်လည်း မန်ယူပဲ။ မသေမချင်း မန်ယူပဲ။ စလို့ မရဘူး။ ဘယ်သူ့ဆီမှာမှ အစ မခံဘူး။ တခြားပရိသတ်တွေက ချစ်လို့စတာတဲ့။ လာမစနဲ့၊ မကြိုက်ဘူး” – ဦးမန်ယူ(မန်ယူအမာခံပရိသတ်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #UManU #ManU #ManchesterUnited #NewcastleUnited #ခရာဘောင်းဖလား #Champion #ချန်ပီယံ #မန်ယူ #မန်ယူနိုက်တက် #ယူနိုက်တက် #EuropaLeague #Final #ယူရိုပါလိဂ် #ဖိုင်နယ် #မန်ယူအမာခံပရိသတ် #Yangon #Myanmar