Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခရစ်စမတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပမည်

—————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၇)ရက်

ခရစ်စမတ်အထိမ်းအမှတ်အဖြစ် ခရစ်စမတ်ဈေးရောင်းပွဲတော်”Goethe’s Christmas Bazaar” ကို

Goethe-Institut Myanmar မှ

ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ပွဲတော်ကို ဒီဇင်ဘာလ(၁)ရက် ၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ် မှာဖြစ်ပါတယ်။

ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့လက်မှုနှင့် အနုပညာကို တန်ဖိုးထားကာ ပြည်တွင်းအသေးစားလုပ်ငန်းတွေ အားကောင်းလာစေဖို့နဲ့ ရေရှည်တည်တံ့ရေးနဲ့ ပလတ်စတစ် အသုံးချမှုလျှော့ချရေးအတွက်ဦးတည်တဲ့ အဖွဲအစည်းတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Goethe-Institut Library မှာလည်း ကလေးများအတွက် Christmas အထိမ်းအမှတ် အလှဆင်စရာ လက်မှုပြုလုပ်ကြမယ့် အစီအစဉ်လေးတွေ လည်းရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

ညနေပိုင်းမှာ Christmas Carol သီဆိုမှုတွေလည်းပါဝင်မှာဖြစ်ပါတယ်။

စျေးရောင်းပွဲတော်မှာ အဓိကပါဝင်မှာကတော့ အဝတ်အထည်နဲ့ ဖက်ရှင်ပစ္စည်းများ ၊လက်မှုနှင့် အနုပညာပစ္စည်းများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် အမွှေးနံ့သာများ၊ လက်ဝတ်ရတနာနဲ့အမှတ် တရပစ္စည်းများ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#ဈေးရောင်းပွဲတော်