ရောင်းမှားဝယ်မှား ဖြစ်လို့ ထောင်ကျသွားခဲ့တဲ့ ခင်ပွန်းသည် လွတ်ငြိမ်းနဲ့ပြန်လွတ်လာလို့ မိသားစု ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီဖြစ်တဲ့ ရင်သွေး ၄ ယောက်မိခင် မခင်သီတာပြုံး
—————
သူငယ်ချင်းတစ်ယောက်ကို ကူညီရင်း ရောင်းမှားဝယ်မှားဖြစ်ကာ ထောင်ဒဏ်ကျခံခဲ့ရသူ မခင်သီတာပြုံးရဲ့ခင်ပွန်း ကိုသီဟကျော်စိုး ဖြစ်ပါတယ်။ ကိုသီဟကျော်စိုးနဲ့ မခင်သီတာပြုံး တို့ဟာ ဘာသာမတူဘဲ ဖူးစာဆုံခဲ့ကြတာပါ။ အဲ့ဒါကြောင့်လည်း ဘဝရပ်တည်နိုင်ဖို့ကို နှစ်ယောက်တည်း ရုန်းကန်ပြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရပါတယ်။ အခုတော့ ကိုသီဟကျော်စိုး ဟာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့လို့ မိသားစု ပြန်လည်ဆုံစည်းနိုင်ခဲ့ပါပြီ။ ကိုသီဟကျော်စိုး ထောင်ဒဏ်ချမှတ်ခံလိုက်ရချိန်မှာ မခင်သီတာပြုံးက ရင်သွေး ၄ ယောက်နဲ့အတူ ဘဝရပ်တည်ဖို့အတွက် ကြိုးစားရုန်းကန်ခဲ့ရတာတွေ ရှိပါတယ်။ အလှူအတန်း ရက်ရောတဲ့ မခင်သီတာပြုံးဟာ အဲ့ဒီအချိန်မှာတော့ သူ့ရင်သွေးလေးတွေ စာဝတ်နေရေး အဆင်ပြေစေဖို့နဲ့ ခင်ပွန်းသည်ဖြစ်သူကို ထောင်ဝင်စာ သွားတွေ့ဖို့အတွက် တောင်းစားတဲ့အထိ မရှက်မကြောက်ကို လုပ်ကိုင်ခဲ့တာပါ။ သူ့ရဲ့ရင်သွေးတချို့ကို မွေးစားဖို့ လာတောင်းတဲ့သူတွေရှိပေမယ့် ဘယ်သူ့ဆီကိုမှ မပေးဘဲ လောကဓံရဲ့ရိုက်ချက်တွေကို မခင်သီတာပြုံးက ကြံ့ကြံ့ခံ ရပ်တည်ရင်ဆိုင်ခဲ့တာပါ။ အခုတော့ လွတ်ငြိမ်းထဲမှာ ပါဝင်ပြီး ခင်ပွန်းသည် ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်လို့ ကွဲကွာနေတဲ့မိသားစုဟာ ပြန်လည်ဆုံစည်းခွင့်ကို ရရှိသွားခဲ့ပါပြီ။ ပြန်လည်ဆုံစည်းခွင့် ရရှိသွားပြီဖြစ်တဲ့ ကိုသီဟကျော်စိုးနဲ့ မခင်သီတာပြုံးတို့ရဲ့မိသားစုကမ္ဘာလေးအကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ThihaKyawSoe #သီဟကျော်စိုး #KhinThidarPyone #ခင်သီတာပြုံး #Wife #Husband #ဘဝ #Children #ရင်သွေး #မိသားစု #Family #ကျွေးမွေးပြုစု #ဘဝရပ်တည်ရေး #လွတ်ငြိမ်းချမ်းသာ #ပြန်လည်ဆုံစည်း #Yangon #Myanmar