Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ကျွန်မတို့ရဲ့သား ကံကောင်းကို သိန်း ၅၇၀ ပေးလည်း မရောင်းနိုင်ပါဘူး” – သန္တာကိုကို(ကံကောင်း၏ပိုင်ရှင်)

“ကံကောင်း ကို သိန်း ၅၇၀ နဲ့ ဝယ်ချင်တယ် ပြောလာပေမယ့် ငွေကြေးကြောင့် ကျွန်မတို့ ကလေးကို သူများဆီ မပေးပစ်ပါဘူး၊ ကလေးကို ပေးလိုက်ရမယ့် စိတ်ဒဏ်ရာရယ်၊ ကျွန်မ ရမယ့် စိတ်ဒဏ်ရာရယ်ကို မခံစားနိုင်ဘူး” – သန္တာကိုကို(ဒါရိုက်တာ ဝင်းလွင်ထက်၏ဇနီး)
—————————–
“မနေ့ကညတုန်းက ပရိုဂျူဆာက ညီမဆီကို ဖုန်းဆက်လာခဲ့တယ်။ ကံကောင်းကို အစ်ကိုတစ်ယောက်က ချစ်လို့တဲ့၊ သူ့ရဲ့ကောင်မလေးကို လက်ဆောင်ပေးချင်တဲ့အတွက်ကြောင့်မို့ ဝယ်ချင်တယ်တဲ့။ ကံကောင်းကို သိန်း ၅၇၀ နဲ့ဝယ်ချင်တယ် ပြောတယ်တဲ့။ နင်တို့မှာ ဆန္ဒရှိလား၊ ရောင်းချင်လားလို့ မေးတယ်တဲ့။ ကျွန်မနဲ့ ကိုဝင်းလွင်ထက်တို့က မဆိုင်းမတွဘဲ မရောင်းပါဘူး၊ ဒါ ကျွန်မတို့ရဲ့သားပါလို့ ပြောပြီး ချက်ချင်းပဲ ငြင်းလိုက်ကြတယ်။ ကံကောင်းက ကျွန်မကလေး။ ကျွန်မကလေးက ကျွန်မ သားသမီးလိုပဲ။ ငွေကြေးတစ်ခုကြောင့် ကျွန်မကလေးကို သူများဆီ ကျွန်မ ပေးပစ်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်ခုခုကြောင့် ပေးမိခဲ့ရင်လည်း ကျွန်မ တစ်သက်လုံး နောင်တရနေမှာ။ ကလေးကို ပေးလိုက်ရမယ့် စိတ်ဒဏ်ရာရယ်၊ ကျွန်မ ရမယ့် စိတ်ဒဏ်ရာရယ်ကို ဒီငွေကြေးတစ်ခုနဲ့ မလဲနိုင်ပါဘူးရှင်။ ဝယ်ဖို့ကမ်းလှမ်းတဲ့အစ်ကို,ကိုလည်း ကျွန်မ လေးစားပါတယ်။ ကျွန်မတို့မှာ ကံကောင်းတစ်ကောင်တည်း မဟုတ်ပါဘူး။ ခွေးလေးတွေ အများကြီး မွေးထားတယ်။ ဘယ်တစ်ကောင်ကိုမှ မရောင်းပါဘူး။ ကျွန်မတို့မှာ သားသမီး မရှိဘူး။ ဒီခွေးလေးတွေဟာ ကျွန်မရဲ့သားသမီးတွေပဲ” – သန္တာကိုကို(ဒါရိုက်တာ ဝင်းလွင်ထက်၏ဇနီး၊ ခွေးလေးကံကောင်း၏ပိုင်ရှင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #ThandarKoKo #သန္တာကိုကို #ဝင်းလွင်ထက် #WinLwinHtet #Director #ကံကောင်း #KanKaung #သားသမီး #Yangon #Myanmar