“ကျော်ဟိန်း လို့ ဖြစ်လာဖို့အတွက် မင်းက ဖယ်ပေးခဲ့ရတာလို့ ဆရာဦးသုခက အမြဲပြောတယ်” – ခင်မောင်ချင်း (သရုပ်ဆောင်)
—————-
“ဖလင်က ပြတ်နေတဲ့အချိန် မယ်လမုမှာ ကလိုက်တာ အဲ့ဒီမှာလည်း အရမ်း အောင်မြင်သွားတယ်။ အောင်မြင်တော့ ကန်ထရိုက်တွေက စာချုပ်တယ်ပေါ့။ ဆရာ ဘဘဦးသုခကို သွားပြောတော့ ဘဘက လုပ်လို့ ခွင့်ပြုတယ်။ အဲ့ဒီမှာ ကံဆိုးချင်တော့ ရုပ်ရှင်ကနေ ဇာတ်ရောက်သွားတယ်။ အဲ့ဒီမှာ ဦးသုခက ဖလင်ရပြီ၊ ရိုက်မယ် ဆိုတော့ ဇာတ်က စာချုပ်ပြီးရင် မရတော့ဘူးလေ။ ရုပ်ရှင်ကသာ နားရင်ရတာ၊ ဇာတ်က နားလို့ မရဘူးလေ။ ဘာဇာတ်ကားလဲဆိုတော့ ကျော်ဟိန်း အခုရိုက်တဲ့ကားတွေပေါ့။ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ။ ပုလဲအရောင်မှိန်မှာ တို့နဲ့ ကောလိပ်ဂျင်နေဝင်းက အတွဲကို သိပ်သဘောကျတယ်။ အဲ့တော့ အဲ့အတွဲအတိုင်းပဲ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာကို ရိုက်မယ်ပေါ့။ ထရိန်နင်တောင် ပေးပြီးပြီ။ နောက်တစ်ခါ ပိုကောင်းမှာက အကာက အချစ်၊ အနှစ်က မေတ္တာ။ မင်းနဲ့ ကောလိပ်ဂျင်နေဝင်းပဲလို့ ပြောထားတာ။ အဲ့ဒီမှာ ဇာတ်ကဖို့ခေါ်ထားတဲ့ ကန်ထရိုက်က နောက်ဆုတ် မပေးနိုင်ဘူးဆိုတော့ အဲ့ဒီမှာ ကျော်ဟိန်းက ဝင်လာတာ။ အဲ့ဒီကားတွေ မရိုက်ခင်တုန်းက ကျော်ဟိန်းဟာ ကျော်ဟိန်းပဲ။ ဒါပေမဲ့လို့ သိပ်မအောင်မြင်သေးဘူး။ အဲ့ဒီ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ ရယ်၊ အကာက အချစ်၊ အနှစ်က မေတ္တာ ရယ်မှာ ကျော်ဟိန်း အောင်မြင်သွားတာ။ အကာက အချစ်၊ အနှစ်က မေတ္တာမှာဆို သူ အကယ်ဒမီ ရသွားတယ်။ ဦးသုခက သွားပြီး ကန်တော့တိုင်း၊ ကန်တော့တိုင်းမှာ အဲ့ဒါကို အမြဲတမ်း ပြောတယ်။ ကြည့်တဲ့…ကျော်ဟိန်း အဲ့ဒီလိုဖြစ်လာဖို့ မင်းက ဖယ်ပေးရတာတဲ့” – ခင်မောင်ချင်း (သရုပ်ဆောင်) #MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #ခင်မောင်ချင်း #KhinMaungChin #UThuKha #ဦးသုခ #Celebrity #Celebrities #သရုပ်ဆောင် #Act #Acting #Actor #ကျော်ဟိန်း #KyawHein #Yangon #Myanmar