Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကျော်ဟိန်းကို မြန်မာပြည် ပြန်လာဖြစ်ဖို့ မရှိတော့ဘူးလို့ သမထနဲ့ ဟောပေးလိုက်သူ ဆရာ ကျော်ဟိန်းကျော်

ကျော်ဟိန်းက မြန်မာပြည် ပြန်လာရမယ်လို့ မဟာဘုတ်နဲ့တွက်တာကို မြန်မာပြည်ဆီ ကျော်ဟိန်း ပြန်မလာဖြစ်တော့ဘူးလို့ သမထနဲ့ ကျော်ဟိန်းရဲ့ရှေ့မှာ ဟောပေးလိုက်သူ ဆရာ ကျော်ဟိန်းကျော်
—————–
“ဦးကျော်(ကျော်ဟိန်း)က အဘရဲ့အမေ အိမ်မှာလည်း အသက် ၁၇၊ ၁၈ လောက်က နေခဲ့ဖူးတယ်။ သူ မင်းသားဖြစ်သွားတော့ အဘရဲ့လုပ်ငန်းပေါ်မှာ ပြန်ဆုံကြတယ်။ ပြန်ဆုံတဲ့အခါ အဘအပေါ်မှာ မေတ္တာစေတနာတွေအပြည့် ဦးကျော်(ကျော်ဟိန်း)က ပေးခဲ့တယ်။ နောက်ဆုံး သူ ရဟန်းဝတ်ပြီး ဇာတ်သိမ်းဖို့အတွက် သွားတာတောင်မှပဲ အဘနဲ့တွက်ချက်ပြီးတော့မှ သူ သွားတယ်။ အဲ့ဒီမှာ ဘာငြင်းသွားလဲဆိုတော့ သူက မြန်မာပြည်ကို ပြန်လာမယ်တဲ့။ ဒီစာလေးပေါ့။ အဲ့ဒီတုန်းက သူပြောသွားခဲ့တဲ့ စကား။ ငါ ပြန်ရောက်ရင် ဟိန်းကျော်အိမ်ကို အရင်ကြွမယ်တဲ့။ ဒီအိမ်ရဲ့ခေါင်းရင်းခန်းမှာ သူ နေပြီးတော့ ဒီမှာ နှစ်ရက် တရားဟောမယ်ပေါ့။ အဲ့ဒီပုံစံ ပြောတယ်။ အဘက မလာဖြစ်ဘူးလို့ တွက်တယ်၊ သူက လာဖြစ်မယ်လို့ တွက်တယ်။ သူ(ကျော်ဟိန်း)က မဟာဘုတ်နဲ့ ချတွက်တာ၊ အဘက သမထနဲ့ ဟောတာ။ အဲ့ဒီမှာ ကွာသွားတယ်။ အဲ့ဒီလို လေးငါးခါ သူ အဘကို ဟောခိုင်းတယ်” – ဆရာ ကျော်ဟိန်းကျော် (ဒါရိုက်တာ၊ သရုပ်ဆောင်) (ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ဟာ ဥူးကိတ္တိသာရ(ခ)သရုပ်ဆောင် ဦးကျော်ဟိန်း ကွယ်လွန်ခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #ကျော်ဟိန်းကျော် #KyawHeinKyaw #Celebrity #Director #Actor #ကျော်ဟိန်း #KyawHein #Celebrities #MercuryLifeStory #LifeStory #Yangon #Myanmar