၂၀၂၅၊ဇန်နဝါရီလ၊၂၄ရက်
ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင် ဟာ အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေကို လိင်တူ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မုလက္ကအလယ်တန်းကျောင်းမှာ တက်နေတဲ့ ၄ တန်းကျောင်းသားတယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တာကြောင့် ကျောင်းသားမိဘက ရဲတိုင်ရာကနေ ဖမ်းဆီခံလိုက်ရတာလို့ သိရပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီးတဲ့ အချိန်မှာတော့ ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကို သိရှိခဲ့ကြရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ နစ်နာခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက ဦးသက်ဇော်အောင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-DVB