Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကျောင်းသားတွေ နားရက်မရှိဘဲ ဆက်တိုက်ဖြေဆိုရမယ့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို ဝေဖန်မှုမြင့်တက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို ဝေဖန်မှု မြင့်တက်လို့နေပါတယ်။

စာမေးပွဲ ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် နားရက်မရှိဘဲ ဆက်တိုက်ဖြေဆိုရမှာဖြစ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အချိန်စာရင်းအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ကစတင်ပြီး မတ်လ ၁၆ ရက်နေ့အထိ ခြောက်ဘာသာလုံးကို နားရက်မရှိဘဲ ဆက်တိုက်ဖြေဆိုရမှာဖြစ်ပြီး မတ်လ ၁၇ ရက် တစ်ရက်သာပိတ်ကာ မတ်လ ၁၈ ရက်မှာ လူမှုရေးသိပ္ပံနဲ့ မတ်လ ၁၉ ရက်မှာ စိတ်ကြိုက်မြန်မာစာတို့ကို ဆက်လက်ဖြေဆိုကြရမယ်လို့ သိရပါတယ်။

မတ်လ ၁၇ ရက်ကို ပိတ်ရက်ပေးထားတာကလည်း တနင်္ဂနွေနေ့ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အချိန်စာရင်းနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ Page အောက်မှာ ကလေးတွေကို ပိတ်ရက်မရှိဖြေဆိုခိုင်းတာက မဖြစ်သင့်ကြောင်း၊ ပညာရေးစနစ်သစ် စလို့ စာများနေတဲ့နှစ်မျိုး၊ ပိတ်ရက်များတဲ့နှစ်မျိုးမှာ နားရက်မရှိဖြေဆိုခိုင်းတာဟာ မဖြစ်သင့်ကြောင်း ဝေဖန်တာတွေ ရှိနေပါတယ်။