ဘေးကင်းစွာဆက်လက်ထားရှိနိုင်ရေးစီစဉ်နေဟုဆို
၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၂)ရက်
ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်မှုအနည်းငယ်ရှိခဲ့တဲ့ကျောက်ဆည်ကကျောက်သေတ္တာစေတီတော်ကို ဖောက်ခွဲပစ်မယ့်အစား ပညာရှင်များဖြင့်တိုင်ပင်ပြီး ဘေးကင်းစွာဆက်လက်ထားရှိနိုင်ရေး ဆောင်ရွက်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ လက်ရှိအတိုင်းခိုင်ခံ့စေရေး ကျောက်တုံးအောက်ခြေမှာ Cement Groutingနည်းလမ်း၊ မြေထိန်းနံရံနဲ့သင့်လျော်မယ့်နည်းလမ်းတွေနဲ့နည်းပညာရှင်၊အတတ်ပညာရှင်တွေရဲ့အကြံဉာဏ်တွေကိုရယူပြီး ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်၊ကျောက်ဆည်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌနဲ့အဖွဲ့ဝင်တွေဟာ ကျောက်သေတ္တာစေတီကိုသွားရောက်ကြည့်ရူပြီး ဒရုန်းဖြင့်ရိုက်ကူးမှတ်တမ်းယူကာစောင့်ကြည့်ဆောင်ရွက်ထားတာတွေကို ဆွေးနွေးကြသလို Geo -Techပညာရှင်ဒေါက်တာယုမောင်နဲ့အဖွဲ့ကို ဖိတ်ကြားပြီး ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို အမြန်ဆုံးပြန်ကြားသွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။
#Mercury#mercurynews#မြန်မာ#ကျောက်သေတ္တာ#ပြည်တွင်းသတင်း