ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်က ညောင်ရွှေကျေးရွာအနီးမှာ စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာရဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ေ–..ဟနတ်နဲ့ပ–..စ်ခ…—-တ်ခံလိုက်ရတယ်လို့ သိရှိရပါတယ်။
စဉ့်ကိုင်မြို့နယ်၊ ကြက်လျှာကျေးရွာရဲ့အုပ်ချုပ်ရေးမှူး ဦးထွေးရဲ့ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်စန္ဒာ ဟာ ညောင်ရွှေကျေးရွာဆီကို ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ်အခိုက် ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကျေးရွာအနားက ညောင်ရွှေ-ကြက်လျှာသွားလမ်း ရှင်ပင်ဆပ်သွားဘုန်းကြီးကျောင်းအဝင်ပေါက်နားအရောက်မှာ သူ့ရဲ့နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့ လူ ၂ ယောက်ကနေ ေ..–သနတ်နဲ့ ပ..–စ်ခ–…တ်တာကို ခံလိုက်ရပါတယ်။
ဒေါ်စန္ဒာဟာ ေ…သနတ်နဲ့ပ..–စ်ခ..–တ်ခံလိုက်ရလို့ ညာဘက်လက်မောင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာအပါအဝင် ဒဏ်ရာတွေ ရရှိသွားခဲ့ပြီး လတ်တလောမှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရှိရပါတယ်။