——————————————————————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၇)ရက်
ကျောက်စိမ်းတုံးတွေ၊ကျောက်မျက်ရတနာပုံတွေ၊ကျောက်စိမ်းတုံးဖြတ်ပြတဲ့ဗီဒီယိုကလစ်တွေပြပြီး အွန်လိုင်းလိမ်နည်းသစ်ဖြင့်လိမ်လည်နေတယ်လို့ ကျောက်မျက်လောကသားတွေထံမှ သိရပါတယ်။
ကျောက်စိမ်းတုံးပုံတွေ၊ဗီဒီယိုကလစ်တွေကိုတင်ပြီး အဲဒီ့ကျောက်စိမ်းဖြတ်ဖို့အတွက် အစုရှယ်ယာတွေ ခေါ်ကာရှယ်ယာတစ်စောင်ကို ဘယ်လောက်နှုန်းလွှဲကြဖို့ ပြောပြီး လိမ်လည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
‘’ကျောက်စိမ်းတုံးကြီးတစ်တုံးကိုပြထားတယ်။ပြီးတော့ဖြတ်ပြပြီးကျောက်အောင်တဲ့ပုံစံမျိုး သိန်းချီမြတ် တဲ့ပုံစံမျိုးပြောပြီး ရှယ်ယာတွေဝယ်ခိုင်းတာ။ အခုဆိုရင် ဦးတို့ ကျောက်မျက်လောကသားတွေထဲက အယောက် (၂၀)လောက်အလိမ်ခံ ထိသွားပြီ။အခြားသူတွေအလိမ်မခံရအောင်လို့ ပြောပြတာပါ”လို့ ကျောက်မျက်သူဌေးကြီးတစ်ဦးက Mercury Newsကို ပြောကြားထားပါတယ်။
သူတို့ပြသထားတဲ့ကျောက်စိမ်းတွေဟာ အရည်သွင်းထားတဲ့ကျောက်စိမ်းတွေသာဖြစ်ပြီး လိမ်လည်ဖို့ သက်သက်အရောင်လှအောင်ဆောင်ရွက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ့လိုကျောက်မျက်ဗန်းပြပြီးလိမ်နေတာဟာ အဖွဲ့လိုက်လှုပ်ရှားနေကြတာဖြစ်လို့ ကျားဖြန့်တွေရဲ့လိမ် လည်နည်းအသစ်တစ်မျိုးလည်းဖြစ်နိုင်လို့ သတိထားကြဖို့ကျောက်မျက်လောကသားတွေက သတိပေး ထားပါတယ်။
Photo -Credit