ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိတဲ့ ခွေးအပန်းဖြေ ပန်းခြံစခန်းကြီးကို မြန်မာပြည်မှာ ပထမဆုံး ဖန်တီးပုံဖော်လိုက်တဲ့ Minotaur Garden
———————–
Minotaur ဆိုတဲ့ နာမည်က စိတ်တူကိုယ်တူ ဇနီးမောင်နှံ နှစ်ယောက် ပထမဆုံးမွေးမြူခဲ့တဲ့ Golden Retriever ခွေးလေးရဲ့နာမည်ဖြစ်ပါတယ်။ သိန်း ၄၀၀ ကျော် တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ပထမဆုံး ခွေးအပန်းဖြေ ပန်းခြံစခန်းကြီးရဲ့နာမည်ကို Minotaur ရဲ့နာမည် အစွဲပြုပြီး Minotaur Garden လို့ မှည့်ခေါ်ခဲ့တာပါ။ Minotaur Garden ဆီကို ခွေးလေးတွေ ခေါ်ယူပြီး လာရောက်အပန်းဖြေသူတွေအတွက်လည်း ထမင်းချက်ပြုတ် စားသောက်တာကနေ စလို့ သဘာဝနေရာလေးတွေမှာ စိတ်ချမ်းသာစွာ အနားယူနိုင်ဖို့ အလယ် ခွေးလေးတွေ ပျော်ရွှင်နေတာကိုကြည့်ပြီး ကြည်နူးမှုတွေ ရရှိစေဖို့ အဆုံး Minotaur Garden ပိုင်ရှင် ဇနီးမောင်နှံက စီစဉ်ပေးထားပါတယ်။ အေးမြတဲ့အရိပ် တောဓလေ့ဆိုတဲ့ ခံစားချက်ကို ရရှိစေဖို့အတွက်လည်း ဝါးတဲလေးတွေ တည်ဆောက်ပေးထားသလို ဒါမျိုးက ရန်ကုန်မှာ တွေ့ရခဲတဲ့အတွက် Minotaur Garden ခြံဝန်းထဲကို ရောက်သွားခဲ့ရင် သဘာဝအရသာကိုလည်း ထိတွေ့ခွင့်ရရှိမှာပါ။ တိုက်ခန်းတွေထဲမှာ မွေးထားတဲ့ခွေးလေးတွေ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရရှိစေဖို့နဲ့ သဘာဝကို ထိတွေ့ခွင့်ရနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အခု ခွေးအပန်းဖြေ ပန်းခြံစခန်းကြီးကို Minotaur Garden ပိုင်ရှင်တွေက စနစ်တကျ အချိန်ယူတည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ခွေးလေးတွေ မွေးလာပြီဆိုရင် ရောင်းမစားရက်လို့ ကျွေးမွေးစောင့်ရှောက်တာကနေ Minotaur Garden ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက် ပိုင်ဆိုင်တဲ့ ခွေးလေးတွေ အရေအတွက်က ၃၈ ကောင်အထိ ရှိနေပါပြီ။ အလျား ၁၅ ပေ x ၂၅ ပေ ရှိတဲ့ ရေကန်ကြီးကိုလည်း ခွေးလေးတွေ ကျန်းမာရေးနဲ့အညီ ရေကူးနိုင်အောင် ဆောက်လုပ်ပေးထားပြီး အပန်းဖြေဖို့လာတဲ့ ခွေးလေးတွေရဲ့ပိုင်ရှင်သခင်တွေဟာလည်း စိတ်ဝင်စားရင် ခွေးလေးတွေနဲ့အတူ ရေကူးနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။ သန်လျင်မြို့မှာ တည်ရှိတဲ့ သိန်း ၄၀၀ ကျော် တန်ဖိုးရှိ မြန်မာနိုင်ငံက ပထမဆုံး ခွေးအပန်းဖြေ ပန်းခြံစခန်းကြီး Minotaur Garden ကို Mercury Variety ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety#MV#MercuryPetProgram#MercuryBusinessProgram#MercuryLifeStory#MercuryExclusiveInterview#MaMoMo#MinotaurGardenOwner#MinotaurGarden#DogsGarden#ခွေးအပန်းဖြေပန်းခြံစခန်း#မြန်မာပြည်မှာပထမဆုံး#ကျပ်ငွေသိန်း၄၀၀#Thanlyin#Yangon#MyanmarMerc