၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၇)ရက်
အမြန်လမ်းမှာ ကုန်စိမ်းတင် ခရီးသည်ယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
စက်တင်ဘာလ(၂၇)ရက်မနက်ပိုင်း(၅)နာရီ(၅၅) မိနစ်အချိန်မှာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/၄နှင့် ၅၇/၅ ကြားမှာ ကုန်စိမ်းများ တင်ဆောင်လာသော စကားဝါမြေ ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းဟာ ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရရရှိခဲ့ပြီး ယာဉ်နောက်လိုက် ကျား(၂)ဦး ကတော့ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဖူးလို့ ဖော်ပြထားပါတယ်။
အဲဒီ့ဖြစ်စဉ်ကို ဘောနီအမြန်လမ်းမီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။