Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကိုလေးဖြူအတွက် ပထမဆုံး ရေးပေးခဲ့တဲ့ ဘယ်မှာနားခိုမယ် သီချင်းကို တစ်ညတည်းနဲ့ အပြီး ရေးပေးခဲ့တာ – ဇဝါ

“ကိုလေးဖြူအတွက် ပထမဆုံး ရေးပေးခဲ့တာ ဘယ်မှာနားခိုမယ် သီချင်းပါ၊ တစ်ညတည်းနဲ့ အပြီး ရေးပေးခဲ့တာ၊ ဒီသီချင်းကို အစက ကိုလေးဖြူက သူဆိုဖို့ဆိုပြီး အပ်တာ၊ ကျွန်တော်ရေးထားတဲ့စာသားတွေကို ကြည့်ပြီးချိန်မှာ သုံးယောက်ဆိုလို့ ရတယ်ဆိုပြီး ရာစုသစ် အယ်လ်ဘမ်ထဲမှာ သုံးယောက် တွဲဆိုလိုက်ကြတာ” – တေးရေး ဇဝါ
————-
“ဂီတလောကထဲကို ကိုလေးဖြူနဲ့ ကိုအငဲတို့ ရောက်မလာခင် တောင်ကြီးမှာ နေကတည်းက ကျွန်တော်တို့တွေ သိကျွမ်းခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းရဲ့အစ်မက ကိုအငဲနဲ့ အိမ်ထောင်ကျတယ်လေ။ အဲ့ဒီအချိန်တုန်းကတော့ သူတို့က ရည်းစားဘဝပဲ ရှိသေးတယ်။ ကိုလေး ကိုငဲ နဲ့ မျိုးကြီးဆိုထားတဲ့ ဘယ်မှာ နားခိုမလဲ သီချင်းက အမှတ်အရဆုံးလို့ ပြောရမယ်။ ကိုလေးအတွက် ပထမဆုံး ရေးဖြစ်ခဲ့တဲ့သီချင်းပေါ့။ အဲ့ဒီသီချင်းကို လာအပ်တာ မှတ်မိနေသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်က လမ်း ၄၀ မှာ ဆိုင်လေးတစ်ဆိုင် ဖွင့်ထားတာ။ သူတို့က လက်ဖက်ရည်ဆိုင်လာရင်း ကျွန်တော်နဲ့က ခင်လည်း ခင်နေတာကိုး။ ဇဝါရေ…ရေးပါဦး၊ ဒီသီချင်း ရေးပါဦး..မင်းမြန်တယ် ဆိုပြီး အပ်တာ။ ကျွန်တော်ကလည်း စစချင်း စရေးနေတာဆိုတော့ အရမ်းကို ရေးချင်နေတာလေ။ သွက်နေတာပေါ့နော်။ နေ့ခင်း အပ်သွားတယ်ပေါ့နော်။ နောက်နေ့လား၊ အဲ့ဒီညပဲလား မသိဘူး သီချင်းလေးက ပြီးသွားတယ်။ အဲ့ဒီသီချင်းလေးကို အစက ကိုလေးဖြူက သူဆိုဖို့ဆိုပြီး အပ်သွားတာ။ ကျွန်တော် ရေးတဲ့စာသားလေးကြည့်ပြီးချိန်မှာ တို့သုံးယောက် ဆိုလို့ရတယ်ဆိုပြီး ရာစုသစ် အယ်လ်ဘမ်ထဲမှာ ဆိုဖြစ်သွားကြတယ်” – တေးရေး ဇဝါ
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #Zawar #ဇဝါ #တေးရေး #တေးရေးဇဝါ #လေးဖြူ #အငဲ #မျိုးကြီး #LayPhyu #AhNge #Celebrity #Celebrities #သီချင်း #Song #MyoGyi #ဘယ်မှာနားခိုမယ် #Yangon #Myanmar