Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကိုရီးယားမှမြန်မာလုပ်သား များကိုအလုပ်ခေါ်ယူတော့မည်ဖြစ်၍ပတ်စ်ပို့သက်တမ်းရှိအောင်ပြင်ဆင်ထားရန်လို

—————————————————————————-

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၄)ရက်

အခုနှစ်ကိုရီးယားဘာသာEPS-Topikနဲ့ Skill Test(ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့်ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁)အောင်မြင်ထားပြီး ပတ်စ်ပို့သက်တမ်းတစ်နှစ် အထက်ရှိသူတွေကိုအလုပ်လျှောက်လွှာတွေခေါ်ယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်လျှောက်လွှာတွေကို ဒီဇင်ဘာလနောက်ဆုံးပတ်နဲ့ဇန်နဝါရီလဆန်းပိုင်းတွေမှာ ခေါ်ယူဖို့ရှိလို့ ကျန်းမာ‌ရေးဂရုစိုက် ကြဖို့နဲ့ ပတ်စ်ပို့သက်တမ်းတစ်နှစ်အထက်ရှိအောင်ဆောင်ရွက်ထားဖို့နှိုးဆော်ထားပါတယ်။

အခုနှစ်(၁၆)ကြိမ်မြောက်ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲကုန်ထုတ်လုပ်ငန်းပထမသုတ်အောင်မြင်သူ (၅၃၇၇)ဦးနဲ့ ဝန်ဆောင်မှုလုပ်ငန်း(အုပ်စု-၁)အောင်မြင်သူ(၇၁)ဦးရှိခဲ့ပြီး EPS-Topikကုန်ထုတ်လုပ်ငန်းဒုတိယအသုတ် စာမေးပွဲကို ၂၀၂၅ခုနှစ်၊နှစ်ဆန်းပိုင်းမှာဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုcreditပေးပါသည်။

#mercury#mercuryvariety #ကိုရီးယား#ပြည်တွင်းသတင်း

May be an image of 6 people and suitcase