“ကျွန်တော်က ဇာတ်လမ်းတွဲတစ်ခုကို ရိုက်လို့ သိန်း ၅၀၀ ကုန်မယ်ဆိုရင် သိန်း ၅၀၀ ရအောင် စပြီးမှ ရိုက်ရတာပါ၊ အမြတ်မရရင်တောင် အရင်းတော့ ပြန်ရချင်ပါတယ်” – စစ်နိုင်(အောင်မြတ်သာ)
——————–
“ကျွန်တော် ဇာတ်လမ်းတွဲတစ်ခုကိုရိုက်လို့ သိန်း ၅၀၀ ကုန်မယ်ဆိုရင် သိန်း ၅၀၀ ရအောင် စုပြီးမှ ရိုက်ရတာပေါ့။ ဘယ်လောက် ပြန်ရမလဲဆိုတာက ကျွန်တော် မသိလည်း မသိဘူး၊ စိတ်လည်း မဝင်စားဘူး။ အတတ်နိုင်ဆုံးတော့ ကိုယ်ရိုက်ထားတဲ့ အနုပညာကြေးလေး ဥပမာ သိန်း ၅၀၀ အကုန်ခံပြီး ရိုက်ထားရင် အမြတ်မရခဲ့ရင် နေပါစေ သိန်း ၅၀၀ တော့ ပြန်ရချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် နောက်ထပ်ဇာတ်ကောင်တွေကို ထပ်ပြီး ဖန်တီးချင်လို့ပါ။ အောင်မြတ်သာ ရိုက်တော့ ကျွန်တော့်ကို မလိုက်ဘူးလို့ ဝေဖန်တာတွေလည်း ရှိခဲ့တယ်။ ပရိသတ်က ဝေဖန်တာကို ကျွန်တော့်အနေနဲ့က စိတ်ဆိုးစရာ ဘာအကြောင်းမှကို မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားပေး တင်မြှောက်လို့လည်း စင်မြင့်ပေါ်ကို တက်ခွင့်ရခဲ့တာပါ။ သူတို့ကပဲ မကြိုက်လို့ ဝေဖန်တယ်၊ ဝေဖန်တာကို လက်ခံပါတယ်” – စစ်နိုင် (အောင်မြတ်သာ) (သရုပ်ဆောင်) #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #SittNaing #AungMyatThar #စစ်နိုင် #အောင်မြတ်သာ #CelebrityInterview #Celebrity #Celebrities #ဇာတ်လမ်းတွဲ #Producer #Actor #အရင်းအနှီး #အနုပညာ #အခက်အခဲ #ငွေရေးကြေးရေး #လူသိများ #Yangon #Myanmar