ထမီတွေ လျှော်ခဲ့ရတဲ့ဘဝကနေ ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်လာပြီးတဲ့နောက် ကိုနော်စိုင်းရဲ့ပံ့ပိုးမှုနဲ့ အွန်လိုင်းအထည်ရောင်းဘဝဆီရောက်သွားပြီဖြစ်တဲ့ ကိုကျော်ကျော် ——————- ကိုကျော်ကျော် လို့ ပြောလိုက်တာနဲ့ အမျိုးသမီးဝတ်ထမီတွေကို လျှော်ဖွပ်ပြီး မိသားစုရပ်တည်ရေးအတွက် ချို့ချို့တဲ့တဲ့ ဝင်ငွေရှာခဲ့ရတဲ့ ခြေထောက်တစ်ဖက် ချို့ယွင်းနေသူ အမျိုးသားတစ်ယောက်ရဲ့မျက်နှာကို ပရိသတ်အားလုံး ပြေးမြင်ကြမှာပါ။ အခုတော့ အလှူရှင်တွေရဲ့ကျေးဇူးကြောင့် ကိုကျော်ကျော်ရဲ့ဘဝဟာ တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဆိုသလို ပြောင်းလဲသွားခဲ့ပါပြီ။ ဒီနေ့ ဒီအချိန်မှာတော့ ကိုကျော်ကျော် ဟာ အွန်လိုင်းကနေ အဝတ်အထည်ရောင်းချတဲ့ အထည်ရောင်းသူဘဝဆီကို ရောက်ရှိလို့နေပါပြီ။ ကိုကျော်ကျော်ကို အွန်လိုင်းကနေ အထည်ရောင်းချနိုင်အောင် ပံ့ပိုးကူညီပေးခဲ့သူက ကိုနော်စိုင်း ပါပဲ။ ကိုနော်စိုင်း ဟာ ကိုကျော်ကျော်ဆီကို လှူဒါန်းဖို့ သွားရောက်ချိန်မှာ ကိုကျော်ကျော်က အလှူရှင်တွေရဲ့ကျေးဇူးနဲ့ ကုန်စုံဆိုင်လေး ပိုင်ဆိုင်နေပါပြီ။ ကိုနော်စိုင်းက ကိုကျော်ကျော်ရဲ့စိတ်ကူးအိပ်မက်ကို မေးမြန်းလိုက်ချိန်မှာ အထည်ဆိုင်ရောင်းသူတစ်ယောက်ဖြစ်ချင်တာကို သိလိုက်ရတဲ့အတွက် သူလှူဒါန်းဖို့ ယူသွားခဲ့တဲ့ ငွေကျပ် ၁၀ သိန်းကို မ,တည်ပေးပြီး အွန်လိုင်းကနေ အထည်ရောင်းနိုင်အောင် ကိုကျော်ကျော်ကို ပံ့ပိုးကူညီလိုက်တာပဲဖြစ်ပါတယ်။ အမျိုးသမီးဝတ်ထမီတွေ လျှော်ဖွပ်၊ စားသောက်ဆိုင်မှာ အိုးခွက်ပန်းကန်တွေ ဆေးကြောခဲ့ရတဲ့ဘဝကနေ အလှူရှင်တွေရဲ့ကျေးဇူးကြောင့် ကုန်စုံဆိုင် ပိုင်ဆိုင်ရုံတင်မကဘဲ အွန်လိုင်းကနေ အဝတ်အထည်ရောင်းချသူဘဝကို ကူးပြောင်းရောက်ရှိလာခဲ့သူ ကိုကျော်ကျော်ရဲ့လက်ရှိဘဝဖြတ်သန်းမှုတွေ၊ ကိုနော်စိုင်းရဲ့ပံ့ပိုးကူညီပေးခဲ့မှုတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KoKyawKyaw #KoNawSai #ကိုနော်စိုင်း #ကိုကျော်ကျော် #အွန်လိုင်း #Online #အဝတ်အထည် #ကုန်စုံဆိုင် #ဘဝနေထိုင်မှု #Yangon #Myanmar