Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ကလေးသရုပ်ဆောင် ထူးဇော် ကွယ်လွန်သွား”

…………………

၂၀၂၅ခုနှစ်၊‌မတ်လ၊(၁၀)ရက်

ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ ထူး( ခေါ်) ထူးဇော်ဟာ မတ်လ (၁၀) ရက်နေ့၊ နံနက် (၆) နာရီခန့်က ကွယ်လွန်သွားခဲ့တယ်လို့ သရုပ်‌ဆောင်လောကသားတွေထံမှ သိရပါတယ်။

ကလေးသရုပ်ဆောင် ထူးကွယ်လွန်သွားတာနဲ့ပတ်သက်လို့ ” ညကထိ ဆုတောင်းကူပေးနေခဲ့တာစိတ်ထား ကောင်းပျော်ပျော်နေတတ်တဲ့ မောင်လေး ကောင်းရာဘုံဘဝရောက်ပါစေ “လို့ Mrtv-4သရုပ်ဆောင် ဝိုင်းရွှေရည်က ဖော်ပြထားပါတယ်။

သရုပ်ဆောင်ထူးဟာ “အဖြူရောင်သက္ကရာဇ်”၊ မယ်ချို ” ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်အားပေးမှု ရရှိခဲ့သူဖြစ်ပြီး “ယောက်ျားကောင်း အတောင်နှစ်ဆယ်” ရုပ်ရှင်ကားမှာလည်း (၂၀၂၄) ခုနှစ်ရဲ့အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ကလေးသရုပ်ဆောင်#နာရေးသတင်း

Close menu