———————————–
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၄)ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ဆေးရုံရှိ ဂိုဒေါင်တစ်လုံးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ (၃)ရက် ၊ ည (၁၂) နာရီကျော်မှာလောင် ကျွမ်းခဲ့တာဖြစ်ပြီး ဂိုဒေါင်မှာ ဝါယာရှော့ဖြစ်ပွားရာမှတဆင့် လောင်ကျွမ်းခြင်းဖြစ်တယ်လို့ကနဦး သိထားရပါတယ်။
ဂိုဒေါင်က မီးသတ်ရုံးအရှေ့မှာရှိပြီး အဲဒီ့ ဂိုဒေါင်မှာ ဝါယာရှော့လို့ ကနဦး ယူဆထားကြပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။
ကလောမှာအခု နိုဝင်ဘာ (၁၆) ရက် ၊ (၁၈) ရက်များတွင် ကလောတန်ဆောင်တိုင်ပွဲကျင်းပဖို့ရှိပြီစ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်လို့ ဒေသတွင်း မီးသတိပြုကြဖို့နှိုးဆော်ထားတယ်လို့ သိရပါတယ်။