၂၀၂၄၊စက်တင်ဘာလ၊၁၄ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးထားတဲ့ရုပ်အလောင်း ၁၀၀ ကျော်ရှိနေပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ရရှိထားတဲ့ရုပ်အလောင်းတွေထဲမှာ လသားအရွယ်ကလေးငယ်တွေနဲ့သက်ကြီးရွယ်အို တွေရဲ့ ရုပ်အလောင်းတွေလည်းပါဝင်ပြီး ရပ်ကွက် (၂)၊ (၃) နဲ့ (၄) နေရာတွေမှာ ဆိုးဆိုးဝါးဝါး ရေကြီးမြေပြိုမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
‘ကလောတစ်မြို့လုံးနီးပါးပျက်စီးပါတယ်။ကျွန်တော်ဆိုင်တွေလည်းပျက်စီးသွားပါတယ်။မိသားစုကတော့အသက်အန္တရာယ်ကင်းပါတယ်။ဆုံးရှုံးသွားတာကတော့တော်တော်များတယ်။လူအသေအပျောက်ကတော့ရာကျော်တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေပြန်ကျသွားပြီဖြစ်ပြီး ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နေတယ်လို့လည်း ကလောမြို့ခံတွေဆီက သိရပါတယ်။