၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၅)ရက်
ကယားပြည်နယ်ရှိရေဘေးသင့်ပြည်သူတွေအတွက် ခိုင်နှင်းဝေဖောင်ဒေးရှင်းက သိန်း(၅၀၀၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကယားပြည်နယ် အတွက် သိန်း (၅) ထောင် နဲ့ ပစ္စည်း တွေမျှဝေ ကူညီခဲ့ပါတယ်။တစ်အိမ်ထောင် (၁၀) သိန်းနှုန်းနဲ့အိမ်ခြေ (၅၀၀) အတွက် မျှဝေမှုကို ပီတိကုသိုလ်လေးများ ပွားများနိုင်ကြပါစေ”လို့ သရုပ်ဆောင်ခိုင်နှင်းဝေက ဖော်ပြထားပါတယ်။
ကယားဒေသအပြင် အင်းလေးဘက်မှာ လိုအပ်တဲ့ နေရာတွေကို တစ်အိမ်ထောင် တစ်သိန်းနှုန်းနဲ့ ငွေကျပ် သိန်း (၁) ထောင် ဝန်းကျင် ကူညီ ဝေမျှခဲ့သလို
ကလောမြို့ကအိမ်ပြို သွားတဲ့အိမ်ထောင်စု(၁၅၅) အိမ်အတွက် တစ်အိမ်ထောင်လျှင် ငွေသားသီးသန့် သိန်း (၃၀) နှုန်းဖြင့် သိန်း (၅) ထောင် ဝန်းကျင်ကို ကူညီ မျှဝေပေးဖြစ်ခဲ့တယ်လို့ ခိုင်နှင်းဝေရဲ့ဖော်ပြ ချက်အရ သိရပါတယ်။