Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကယန်းတိုင်းရင်းသူ ဗရော်နီကာရဲ့ ၁၇ ပွဲဆက် အနိုင်ရလဒ်ကို ဖတ်ဆိုင်းက အမှတ်နဲ့ အနိုင်ယူပြီး ရပ်တန့်

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာရဲ့ ၁၇ ပွဲဆက် အနိုင်ရလဒ်ကို ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖတ်ဆိုင်းက ရပ်တန့်ကာ အနိုင်ယူသွားခဲ့ပြီပဲဖြစ်ပါတယ်။

Thai Fight မှာ ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီး ၁၇ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဗရော်နီကာ ဟာ အခုပွဲမှာတော့ ဖတ်ဆိုင်းကို အမှတ်နဲ့ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ဗရော်နီကာနဲ့ ဖတ်ဆိုင်းတို့ဟာ ပွဲချီ ၃ ချီ ပြည့်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် အလဲမထိုးနိုင်ခဲ့တဲ့အတွက် အမှတ်ပေးဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ခံယူလိုက်ရပြီး ဖတ်ဆိုင်းက ဗရော်နီကာကို အမှတ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ဗရော်နီကာ ဟာ ပွဲချီ ၃ ချီလုံးကို လက်ရည်အသာစီးနဲ့ထိုးသတ်နိုင်ခဲ့ပေမယ့် အမှတ်နဲ့ဆုံးဖြတ်ချိန်မှာ အရေးနိမ့်သွားခဲ့ရလို့ မြန်မာပရိသတ်တွေကလည်း ဘဝင်မကျနိုင်အောင် ဖြစ်လို့နေပါတယ်။

ဒါဟာ ဗရော်နီကာအတွက် မွေထိုင်းလက်ဝှေ့မယ်ဘဝဖြတ်သန်းမှုမှာ ဒုတိယမြောက်ရှုံးပွဲကို ကြုံဆုံလိုက်ရတာပဲဖြစ်ပါတယ်။

ဗရော်နီကာ ဟာ လက်ရှိဖေဖော်ဝါရီလအတွင်းမှာ ၂ ပွဲဆက် ယှဉ်ပြိုင်ထိုးသတ်လိုက်ရတာဖြစ်ပြီး အခုယှဉ်ပြိုင်ရမယ့် Thai Fight : King Of Muay Thai ပြိုင်ပွဲကြီးမှာ ပြိုင်ဘက်အဖြစ် ဖတ်ဆိုင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ပြိုင်ပွဲရက် နီးကပ်မှပဲ ဗရော်နီကာက သိရှိခွင့်ရခဲ့တာဖြစ်ပါတယ်။