Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ရွှေဈေး သုံးရက်အတွင်း(၅၉)ဒေါ်လာမြင့်တက်

ဩဂုတ်လ (၂)ရက်

ကမ္ဘာ့ရွှေဈေး သုံးရက်တာအတွင်း (၅၉)ဒေါ်လာအထိ တက်လာတယ်လို့ သိရပါတယ်။

ဇူလိုင်လ(၃၁)ရက်မှာ (၂၃၉၄)ဒေါ်လာရှိရာကနေ ဩဂုတ်လ (၂)ရက် (၂၄၅၃)ဒေါ်လာအထိ တက်လာခဲ့တာပါ။မနေ့က ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၄၁၈)ရှိရာကနေ ဒီကနေ့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၄၅၃)ဒေါ်လာ ဖြစ်သွားတဲ့အတွက် (၃၅)ဒေါ်လာ ထပ်တက်သွားတာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီ့လိုဈေးတက်သွားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ထားတဲ့ ‌ရွှေဈေးနှုန်းဟာ ဩဂုတ်လ (၁)ရက်မှာ (၄၆)သိန်း၊ (၉)သောင်းကျော်ရှိရာမှ ဩဂုတ်လ(၂)ရက်မှာ (၄၇)သိန်း၊(၆)သောင်းကျော်နဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။

ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ YGEA သတ်မှတ်ထားတဲ့ ‌ရွှေဈေးနှုန်းအတိုင်းရောင်းချဖို့ အသိပေးထားပြီး YGEA ဈေးအတိုင်းရောင်းတဲ့သူ တွေရှိသလို ပြင်ပဈေးနဲ့ ရောင်းချသူတွေလည်း ရှိနေပြီး YGEA ဈေးနဲ့ပြင်ပရွှေဈေးကွာခြားမှု များစွာ ရှိတယ်လို့ သိရပါတယ်။

Mercury #Mercurymedia #ရွှေဈေး #နိုင်ငံတကာသတင်း