————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၃)ရက်
ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ စက်တင်ဘာလ(၂၃)ရက်မှာ မြင့်တက်လာပြီး ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ(၂၆၀၀)ကျော်အထိမြင့်တက်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ(၂၀)ရက်မှာ အမေရိကန်ဒေါ်လာ (၂၅၇၇)ရှိခဲ့ရာမှ စက်တင်ဘာလ(၂၃)ရက်မှာတော့အမေရိကန်ဒေါ်လာ (၂၆၁၁)အထိ မြင့်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတဲ့အတွက် မြန်မာ့ရွှေဈေး ရည်ညွှန်းဈေးလည်း (၇)သောင်းကျော်မြင့်တက်လာပါတယ်။
စက်တင်ဘာလ(၂၀)ရက်က မြန်မာ့ရွှေဈေး YGEA ဈေးနှုန်းဟာ အကယ်ဒမီ မီးလင်းရွှေဈေးကွက် အဖွင့်ဈေးနှုန််း ၅၂၁၆၁၂(ကျပ် ငါးဆယ့် နှစ်သိန်း တစ်သောင်း ခြောက်ထောင် တစ်ဆယ့် နှစ်ကျပ်)သာရှိခဲ့ပြီး စက်တင်ဘာလ(၂၃)ရက်မှာတော့
ကယ်ဒမီ မီးလင်းရွှေဈေးကွက် အဖွင့်ဈေးနှုန်း၅၂၈၇၈၃၈(ကျပ် ငါးဆယ့် နှစ်သိန်း ရှစ်သောင်း ခုနှစ်ထောင့် ရှစ်ရာ သုံးဆယ့် ရှစ်ကျပ်)နဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) သတ်မှတ်ဈေးနဲ့မရောင်းချသူဘဲပြင်ပဈေးနဲ့ရောင်းချနေသူတွေလည်းရှိပြီး ပြင်ပရွှေဈေးဟာ YGEA သတ်မှတ်ဈေးနဲ့ကွာခြားတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ-YGEA ရွှေဘုံတိုင်ရွှေဆိုင်