Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ရွှေဈေးတစ်ရက်တည်းနှင့်(၁၆)ဒေါ်လာတက်

ကမ္ဘာ့ရွှေဈေးဟာဒီကနေ့ဇူလိုင်လ(၃၀)ရက်မှာ အနည်းငယ်တက်နေပြီး မနေ့ကဇူလိုင်လ(၂၉)ရက်ထက် (၁၆)ဒေါ်လာတက်သွားတယ်လို့ သိရပါတယ်။ဇူလိုင်(၂၉)ရက်မှာ ကမ္ဘာရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၃၇၉)ရှိရာမှ ဒီကနေ့ ဇူလိုင် (၃၀)ရက်မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၃၉၅)ဒေါ်လာ ဖြစ်သွားတဲ့အတွက် (၁၆)ဒေါ်လာ တက်သွားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ်ဇူလိုင်(၂၆)ရက် ကတစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၃၇၀)နဲ့ ပိတ်ခဲ့ပြီး အခုအပတ်ဇူလိုင်(၂၈)ရက်မှာတော့တစ်အောင်စကို အမေရိကန်ဒေါ်လာ (၂၃၇၀)နဲ့ဈေးပြန်ဖွင့်ခဲ့ပြီး အခုဇူလိုင်(၂၉)ရက်မှာတော့ (၂၃၇၉)၊အခုဇူလိုင်(၃၀)ရက်မှာတော့ အမေရိကန်ဒေါ်လာ (၂၃၉၅)ဒေါ်လာ ဖြစ်သွားတယ်လို့ပြောပါတယ်။

အဲဒီ့လိုဈေးတက်သွားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း YGEA သတ်မှတ်ထားတဲ့ ‌ရွှေဈေးနှုန်းဟာ ဇူလိုင်လ (၂၉)ရက်မှာ (၄၆)သိန်းကျော်ရှိရာမှ ဇူလိုင်လ (၃၀)ရက်မှာတော့(၄၆)သိန်း၊(၄)သောင်းကျော်နဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ YGEA သတ်မှတ်ထားတဲ့ ‌ရွှေဈေးနှုန်းအတိုင်းရောင်းချဖို့ အသိပေးထားပြီး YGEA ဈေးအတိုင်း ရောင်းတဲ့သူ တွေရှိသလို ပြင်ပဈေးနဲ့ ရောင်းချသူတွေလည်း ရှိနေပြီး YGEA ဈေးနဲ့ပြင်ပရွှေဈေးကွာခြားမှုများစွာ ရှိတယ်လို့ သိရပါတယ်။

#mercury#mercury media # ရွှေဈေး #နိုင်ငံတကာသတင်း