Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ရွှေဈေးတက်အား စံချိန်သစ်ထပ်တင်၊ မြန်မာ့ရွှေဈေးလည်းအရောင်းတက်ပြီးအဝယ်နှိမ်နေ

——————————————————————————————————–

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၂)ရက်

ကမ္ဘာ့ရွှေဈေးတက်အားဟာ အခုဧပြီလ(၂၂)ရက်မှာဆိုရင် စံချိန်သစ်ထပ်တင်တဲ့အထိ တက်လာပြီး တစ်အောင်စကို ကန်ဒေါ်လာ(၃၄၈၄.၃၂)အထိဖြစ်လာတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ တစ်ရက်တည်းနဲ့ (၁၆၉.၁၉)ဒေါ်လာအထိတက်လာတာဖြစ်ပြီး မြန်မာ့ရွှေဈေးလည်း ပြင်ပဈေးကွက်မှာ အရောင်းပိုင်းမှာ တက်နေပြီးအဝယ်မှာတော့နှိမ်ဝယ်တာတွေရှိနေပါတယ်။

မြန်မာ့ရွှေဈေးမှာ ဧပြီလ(၂၂)ရက်မှာ ရည်ညွှန်းဈေးနှုန်းကျပ်(၅၆)သိန်းကျော် သတ်မှတ်ထားသော်လည်း ပြင်ပရွှေဈေးကွက်နဲ့ရွှေဆိုင်တွေမှာတော့ ကျပ်သိန်း(၇၀)ကျော်နဲ့ရောင်းချနေပြီး အဝယ်ကိုတော့ သိန်းချီနှိမ်ပြီးတော့ ဝယ်ယူကြတယ်လို့ ရွှေဈေးကွက်နဲ့နီးစပ်တဲ့ websitတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

#mercury#mercurynews#မြန်မာ#ကမ္ဘာ#ရွှေဈေး#စီးပွားရေး