၂၀၂၄၊ဒီဇင်ဘာလ၊၅ရက်
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က လာမယ့် ၂၀၂၅ ဘောလုံးရာသီအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို Adidas ဘောလုံး အလုံးရေ (၄၀၀၀၀) ကျော် ပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။
ဒီဇင်ဘာ(၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ (၇)ကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံမှာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက အဆိုပါအကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က ပံ့ပိုးပေးမယ့် Addidas ဘောလုံးများကို F4S (Football For School) အစီအစဉ် အတွက် ဘောလုံးပညာသင်ကျောင်းများကို ဖြန့်ဖြူးပေးသွားမယ်လို့လဲ သိရပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုcreditပေးပါသည်။