၂၀၂၅၊ဇန်နဝါရီလ၊၇ရက်
ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သူရဲ့ခေါင်းဆောင်မှုအပေါ် ကနေဒါပြည်သူတွေရဲ့မကျေနပ်မှုတွေ တိုးလာတာကို ရင်ဆိုင်နေရတဲ့နောက်မှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
ကနေဒါဝန်ကြီးချုပ် Trudeau ဟာ ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၀ နှစ်ကြာအုပ်ချုပ်မှုပြီးတဲ့နောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အစောပိုင်း ကာလတွေမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရခဲ့ပါသေးတယ်။
မကြာသေးခင်နှစ်ကာလ အပိုင်းအခြားမှာ ကနေဒါနိုင်ငံတွင်း အစားအစာနဲ့အိမ်ဈေးအဆမတန်တက်လာတာ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေ တိုးလာတာ စတဲ့ အကြောင်းအရာမျိုးစုံကြောင့် ကနေဒါဝန်ကြီးချုပ် Trudeauဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်လာရတာဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ လစ်ဘရယ်ပါတီအနေနဲ့ ခေါင်းဆောင်သစ်ကို မရွှေးချယ်ရသေးခင်အထိ ၀န်ကြီးချုပ်တာ၀န်ကိုဆက်လက် ယူပေးထားမယ်လို့လည်းသိရပါတယ်။
ဓါတ်ပုံ-မှုရင်းဓါတ်ပုံပိုင်ရှင်ကိုcreditပေးပါသည်။