Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကနေဒါက ငလျင်ဘေးသင့် မြန်မာပြည်သူတွေ အတွက် ဒေါ်လာ ၁၀သန်းနီးပါး ပံ့ပိုးကူညီမည်

၂၀၂၅၊ဧပြီလ၊၇ရက်

ကနေဒါနိုင်ငံက ငလျင်ဘေးသင့် မြန်မာပြည်သူတွေ အတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၉.၇၅သန်းပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

ကနေဒါနိုင်ငံက ကူညီထောက်ပံ့မှုတွေဟာ နိုင်ငံတကာကြက်ခြေနီအဖွဲချုပ်နဲ့ လခြမ်းနီအသင်းအဖွဲများမှတစ်ဆင့် ဒေါ်လာ ၄သန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်မှတစ်ဆင့် ဒေါ်လာ ၂သန်း၊ မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေကို ထောက်ပံ့နိုင်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှညှိနှိင်းရေးမှူးရုံးမှ ဒေါ်လာ ၂သန်း၊ ကနေဒါ လူသားချင်းစာနာမှုအထောက်အကူပြုရေးရန်ပုံငွေမှတဆင့် ဒေါ်လာ ၁.၇၅ သန်း ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ထောက်ပံ့ငွေတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေမှ တစ်ဆင့် အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နဲ့ အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေဆီ တိုက်ရိုက်စီးဆင်းစေမယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

#mercury#mercurynews#မြန်မာ#ငလျင်#ကနေဒါ