Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကစားသမားဘဝကနေ အနားယူလိုက်ပြီးတဲ့နောက် အမ်းမရိတ်စ်ကွင်းဆီ တစ်ခါမှ ပြန်မလာသေးတဲ့ ဗန်ပါစီ

ဗန်ပါစီဟာ သူ့ရဲ့ကစားသမားဘဝ ၈ နှစ်သက်တမ်းကို အာဆင်နယ်ဆီမှာ ဖြတ်သန်းခဲ့ပါတယ်။ မန်ယူဆီမှာ ဗန်ပါစီ ကစားသမားဘဝဖြတ်သန်းခဲ့တာက ၃ နှစ်ပဲ ရှိပါတယ်။

ဒါပေမဲ့ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက်မှာ ဗန်ပါစီက မန်ယူရဲ့အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းကြီးဆီကို အကြိမ်ကြိမ်အခါခါ လာရောက်လည်ပတ်ပြီး ပွဲတွေလည်း တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

ထူးခြားချက်တစ်ရပ်က အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်စ်ဆီကိုတော့ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ဗန်ပါစီ ဟာ တစ်ကြိမ်တစ်ခါမှ လာရောက်လည်ပတ်ခြင်း မရှိတော့ပါဘူး။

မန်ယူရဲ့ကျောနံပါတ် ၇ ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းကတော့ အိုးလ်ထရက်ဖို့ဒ်နဲ့ပတ်သက်ပြီး စကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။

“ခင်ဗျားဟာ အိုးလ်ထရက်ဖို့ဒ်ဆီကို သူစိမ်းတစ်ယောက်အဖြစ်နဲ့ ရောက်လာခဲ့လေမယ်။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်ကို ခွဲခွာရမယ့်အချိန်ရောက်တော့ ခင်ဗျား မခွဲချင်တော့ဘူး။ ဝမ်းနည်းတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက ခင်ဗျားရဲ့အိမ်ဖြစ်သွားခဲ့ပြီလေ”ဆိုတာက ဘက်ခမ်း ပြောဖူးခဲ့တဲ့စကားပဲဖြစ်ပါတယ်။

ဗန်ပါစီဟာ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ဘာကြောင့်များ အမ်းမရိတ်စ်ဆီကို ပြန်မသွားတော့တာပါလဲ။ မန်ယူကို ပြောင်းရွှေ့ခဲ့တယ်ဆိုပြီး အာဆင်နယ်ပရိသတ်တွေက သူ့ကို သစ္စာဖောက်တစ်ယောက်လို ဆက်ဆံမှာကို စိုးရိမ်တာကြောင့်လားဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်