—————————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၂)ရက်
မန္တလေးတိုင်း၊မြစ်သားမြို့နယ်မှာရှိတဲ့ ကင်တားရေလှောင်တမံအောက်ဘက်အနိမ့်ပိုင်းကကျေးရွာအချို့ပြောင်းရွှေ့မှုတွေပြုလုပ်နေတယ်လို့ မြစ်သားမြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက Mercury Newsကိုပြောပါတယ်။
အောက်တိုဘာ(၂)ရက်နေ့ကမွန်းလွဲ(၂)နာရီအချိန်မှာကင်းတားရေလှောင်တမံကနေပြီးရေပိုလွှဲ ရေတံခါး(၄)ခုကို( ၁.၆၄)ပေ စီ ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။
“လက်ရှိရေကတော့အနိမ့်ပိုင်းတွေကိုဝင်နေတယ်။ကင်းတားကလည်းတစ်ပေခွဲပဲလွတ်ထားတာဆိုတော့သိပ်တော့မများဘူးပေါ့။ဒီနေ့မနက်ပိုင်းကရေနစ်ဝင်ရောက်တဲ့ကျေးရွာတွေကိုတော့ရွှေထားပါတယ်။ကျွန်တော်တို့အဖွဲ့တွေ ကွင်းဆင်းဆောင် ရွက်နေတယ်။ ကျေးရွာအတိအကျနဲ့ ပြောင်းရွှေရတဲ့အိမ်ထောင်စုအတိအကျတော့သေချာမသိသေးဘူး”လို့ မြစ်သားမြို့နယ်မီး သတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကင်းတားဆည်ကနေပြီးရေထုတ်လွှတ်မည်ဖြစ်တဲ့အတွက် ပန်းလောင်းမြစ်ကမ်းဘေးကျေးရွာအုပ်စုများအနေဖြင့် ကုန်းမြင့်ရာဒေသသို့ ပြောင်းရွှေ့နေထိုင်စေဖို့ကြိုတင်အသိပေးမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။