Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကင်ဆာလူနာများအတွက် ကင်ဆာရောဂါကုသ‌စက်သစ်များဖွင့်လှစ်

—————————————

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၂)ရက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိအမျိုးသားကင်ဆာရောဂါကုသရေးဌာနမှာ ဓာတ်ရောင်ခြည်နဲ့ကင်ဆာရောဂါကုသစက်တွေ (Linear Accelerators – LA) စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

ကင်ဆာစက်ခန်း(၃)ခုကိုဖွင့်လှစ်ခဲ့ပြီး

(၁)Radixact စက်အမျိုးအစားဟာ ဦးနှောက်နှင့်ကျောရိုး ကင်ဆာများ၊ကလေးကင်ဆာရောဂါများ၊ အရွယ်အစားကြီးမားသည့်ကင်ဆာများကို ကုသချိန် မြန်ဆန်စွာဖြင့် ကုသနိုင်ခြင်း၊

(၂) Halcyon စက်အမျိုးအစားဟာကင်ဆာအမျိုးအစားမျိုးစုံကို ကုသချိန် မြန်ဆန်စွာဖြင့်လူနာများစွာကိုကုသနိုင်ခြင်း၊

(၃)Vital beam စက်ဟာ ရောင်ခြည် စွမ်းအားမျိုးစုံ၊ ပြင်းအားမျိုးစုံ ပါဝင်သောကြောင့် လိုအပ်သလိုပြောင်းလဲ အသုံးပြုနိုင်ပြီး အရေပြားကင်ဆာအပါအဝင် ကင်ဆာမျိုးစုံကို ကုသနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။

ဓါတ်ပုံ-MOH

#mercury#mercurynews#ပြည်တွင်းသတင်း#ကင်ဆာ