၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၈)ရက်
ကင်ဆာရောဂါကုသသူတွေအဆင်ပြေစေဖို့ YBSယာဉ်လိုင်းလမ်းကြောင်းတိုးချဲ့ပြေးဆွဲသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။
ကင်ဆာကုသမှုခံနေရသူတွေသွားလာရေးအဆင်ပြေစေဖို့ YBS (၈၉)နဲ့ YBS (၁၃၃)ယာဉ်လိုင်းတွေ အနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံ(ဂိတ်ဖျား)မှ အမျိုးသားကင်ဆာဆေးရုံ(ဒဂုံမြို့သစ်ဆိပ်ကမ်း)မြို့နယ်အထိ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုဇန်နဝါရီလအတွင်း YBSယာဉ်လိုင်း၁၃၂ခု၊ယာဉ်စီးရေ၃၃၂၉နဲ့ ခရီးသည်၁၃သိန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။