Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကင်ဆာရောဂါကုဌာနကြီး ဒဂုံဆိပ်ကမ်း၌ ဖွင့်လှစ်တော့မည်

——————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၃၀)ရက်

ကင်ဆာဝေဒနာရှင်တွေကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသနိုင်မယ့် ကင်ဆာရောဂါကုဌာနကြီး ဒဂုံဆိပ် ကမ်းမြို့နယ်ထဲမှာဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။

ဓာတ်ရောင်ခြည်စက် linear accelerator (၃)လုံး တပ်ဆင်ပြီး ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသရန်စောင့်ဆိုင်းနေရတဲ့လူနာတွေကို အချိန်နဲ့တပြေးညီကုသပေးနိုင်ရန် စီစဉ်နေပြီလို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊တာဝန်ရှိသူက ဖော်ပြထားပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှာစက်တစ်လုံး လူနာတစ်နေ့ (၈၀)ခန့် radiation နဲ့ကုသနိုင်ဖို့ကြိုးစားနေပြီးလူနာ‌ တွေကို နိုင်ငံတော်မှကုသမှုအခမဲ့၊ကုသပေးတဲ့ ဆရာဝန်သူနာပြု ဝန်ထမ်း လူနာနဲ့လူနာ

စောင့်တွေကိုကြိုပို့ပေးရုံမကတန်ဖိုးသင့်နေ့လည်စာမှ ထမင်းဘူးတွေ လှူဒါန်းပေးနိုင်ဖို့စီစဉ်‌နေတယ်လို့ သိရပါတယ်။