—————-
၂၀၂၄ ဩဂုတ်၊၂၁
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ်အများစုမှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၁ လ ပြည့်လာပြီဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ Mpt ဖုန်းလိုင်းအချို့ ပြန်ရနေပေမဲ့ အင်တာနက်လိုင်းတွေ ပြန်မရသေးတာကြောင့် အဆက်အသွယ်လုပ်ဖို့အပြင် ငွေသွင်းငွေထုတ်လုပ်ဖို့ အရမ်း ခက်ခဲနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့က နေရာအနည်းငယ်မှာ MPT ဖုန်းလိုင်းတွေ ရနေပြီး မနေ့က Ooredoo ဖုန်းလိုင်းလည်း ပြန်ရလာပေမဲ့ ATOM နဲ့ Mytel လိုင်းတွေကတော့ လက်ရှိအချိန်အထိ မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာကြောင့်ဒေသခံတွေက ဆက်သွယ်ရေးနဲ့ငွေသွင်းငွေထုတ်အတွက် အခက်အခဲများစွာကြုံတွေ့နေရပါတယ်။
—